ဆာလံ

Old Testament

Chapter 131
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 131

1အိုထာဝရဘုရား ၊ အကျွန်ုပ် သည် စိတ် မ မြင့် ပါ။ မျက်နှာ လည်း မ မော် ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့် သော အမှု တို့၌ မ ကျင်လည် ပါ။

2အကယ် စင်စစ်အကျွန်ုပ် သည် အမိ နို့ နှင့် ကွာ သော သူငယ်ကဲ့သို့ ၊ ကိုယ် စိတ် ကို ဖြေ ၍ ငြိမ်း စေပါပြီ။ အကျွန်ုပ် စိတ် နှလုံးသည် နို့ ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏။

3ဣသရေလ အမျိုးသည် ယခု မှစ၍ ၊ ကာလ အစဉ်မပြတ်ထာဝရဘုရား ကို မြော်လင့် ပါစေ။

Tip: use the ← and → keys to turn chapters.