ဆာလံ

Old Testament

Chapter 100
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 100

1မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။

2ထာဝရ ဘုရား၏ အမှုတော်ကို ဝမ်းမြောက် စွာ ဆောင်ရွက် ကြလော့။ ရွှင်လန်း စွာ သီချင်းဆိုလျက် ၊ အထံ တော်သို့ ဝင် ကြလော့။

3ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။

4ကျေးဇူး တော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်း လျက် တန်တိုင်း တော်တို့ကို၎င်းဝင် ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း ၍ နာမ တော်ကို ကောင်းကြီး ပေးကြလော့။

5အကြောင်း မူကား၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ကရုဏာ တော်သည် အစဉ် အမြဲရှိ၍ ၊ သစ္စာ တော်သည် ကာလ အဆက်ဆက်တည်လေ သတည်း။

Tip: use the ← and → keys to turn chapters.