ဆာလံ

Old Testament

Chapter 61
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 61

1အို ဘုရား သခင်၊ အကျွန်ုပ် အော်ဟစ် ခြင်းကို နားထောင် ၍ အကျွန်ုပ် ၏ ပဌနာ စကားကို မှတ် တော်မူပါ။

2စိတ် နှလုံးညှိုးငယ် လျက် မြေကြီး စွန်း မှ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ အကျွန်ုပ် အထက် ၌ မြင့် သော ကျောက် သို့ အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။

3ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ရန်သူ တို့ရှေ့ မှာ ခိုင်ခံ့ သော ရဲတိုက် ဖြစ်တော်မူ၏။

4တဲ တော်၌ အစဉ် နေ ပါမည်။ အတောင် တော်ဖုံးအုပ် ရာ၌ ခိုလှုံ ပါမည်။

5အို ဘုရား သခင်၊ အကျွန်ုပ် ပြုသောသစ္စာ ဂတိတို့ကို ကြား တော်မူ၏။ နာမတော် ကို ကြောက်ရွံ့ သောသူတို့ ၏အမွေ ကို အကျွန်ုပ်အားပေး တော်မူလိမ့်မည်။

6ရှင်ဘုရင် ၏ အသက်နေ့ရက် ကာလ ကို ရှည် စေတော်မူ၍၊ နှစ် စဉ်မပြတ် နိစ္စ ထာဝရ တည်ပါစေသော။

7ဘုရား သခင်ရှေ့ တော်၌ အနန္တ ကာလပတ်လုံးနေ တော်မူစေသတည်း။ ကရုဏာ နှင့် သစ္စာ တော်သည် သူ့ ကို စောင့်မ စေသတည်း။

8သို့ဖြစ်၍ နေ့ရက် အစဉ်အတိုင်းသစ္စာဝတ် ကို ဖြေ ခြင်းငှါ ၊ နာမတော် ကို အစဉ် အမြဲထောမနာသီချင်း ဆိုပါလေအံ့သတည်း။

Tip: use the ← and → keys to turn chapters.