ဆာလံ

Old Testament

Chapter 70
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 70

1အိုဘုရား သခင်၊ အကျွန်ုပ် ကို နှုတ် ယူတော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ကို မစ ခြင်းငှါ အလျင် အမြန် ပြုတော်မူပါ။

2အကျွန်ုပ် အသက် ကို သတ်ခြင်းငှါရှာကြံ သောသူတို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ် ၌ အန္တရာယ် ပြု ချင်သောသူတို့သည် လှန် ခြင်းကို ခံရ၍ ၊ ရှက်ကြောက် ခြင်းသို့ ရောက်ကြ ပါစေသော။

3အကျွန်ုပ်ကို အေ့ဟေ ၊ အေ့ဟေ ဟု ဆို သောသူတို့သည် အရှက် ကွဲခြင်းအားဖြင့် နောက်သို့ လှန် ခြင်းကိုခံရကြပါစေသော။

4ကိုယ်တော် ကို ရှာ သောသူအပေါင်း တို့သည် ကိုယ်တော် ၌ ဝမ်းမြောက် ရွှင်လန်း ကြပါစေသော။ ကယ်တင် တော်မူခြင်းကျေးဇူးကို နှစ်သက် သောသူတို့သည်၊ ဘုရား သခင်ဘုန်းကြီး တော်မူစေသတည်း ဟု အစဉ် မပြတ်ပြော ကြပါစေသော။

5အကျွန်ုပ် မူကား ၊ ဆင်းရဲ ငတ်မွတ် ပါ၏။ အိုဘုရား သခင်၊ အကျွန်ုပ် ရှိရာသို့ အလျင် အမြန်ကြွတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ် ကို မစ သောသူ၊ ကယ်တင် သောသူဖြစ် တော်မူ၏။ အို ထာဝရဘုရား ၊ ဆိုင်းလင့် တော်မ မူပါနှင့်။

Tip: use the ← and → keys to turn chapters.