ဆာလံ

Old Testament

Chapter 111
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 111

1ငါသည် ဖြောင့်မတ် သောသူတို့ ၏ အစည်း အဝေး၌ ၎င်း၊ ပရိသတ် ၌၎င်း ၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း မည်။

2ထာဝရဘုရား ၏ အမှုတော် တို့သည် ကြီးမြတ် ကြ၏။ ကြည်ညို သောသူ တို့ သည် ထို အမှုတော်တို့ကို ရှာဖွေ လိုက်စစ်တတ်ကြ၏။

3စီရင် တော်မူသောအရာသည် ဘုန်း အသရေနှင့် ပြည့်စုံ ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ် အမြဲတည် ၏။

4အံ့ဘွယ် သော အမှုတော်တို့ကို အောက်မေ့ ဘို့ရာ စီရင် တော်မူပြီ။ ထာဝရဘုရား သည် ကျေးဇူးပြုတတ် သော သဘော၊ သနား စုံမက်တတ်သော သဘောနှင့် ပြည့်စုံ တော်မူ၏။

5ကြောက်ရွံ့ ရိုသေသောသူတို့ကို ကျွေးမွေး တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အောက်မေ့ တော်မူ ၏။

6အမှုတော် တို့၌ရှိသောတန်ခိုး ကို မိမိ လူ တို့အား ပြ ၍၊ တပါးအမျိုးသား တို့၏ အမွေ ကို ပေး တော်မူ၏။

7လက် တော်နှင့်ပြုသောအမှု တို့သည် သစ္စာ နှင့် ၎င်း၊ တရား နှင့်၎င်း ယှဉ်ကြ၏။ ပညတ် တော် အလုံးစုံ တို့သည် ဖေါက်ပြန် ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။

8သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ် ခြင်းနှင့် ယှဉ်သောကြောင့် ၊ အစဉ် အမြဲတည် ကြ၏။

9မိမိ လူ တို့၌ ရွေး တော်မူခြင်း ကျေးဇူးကို ပြု တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အမြဲထား တော်မူ ၏။ နာမ တော်သည် သန့်ရှင်း ၏။ ကြောက်ရွံ့ ရိုသေဘွယ် ဖြစ်၏။

10ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။

Tip: use the ← and → keys to turn chapters.