ဆာလံ

Old Testament

Chapter 92
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 92

1ထာဝရဘုရား ၏ ကျေးဇူး တော်ကို ချီးမွမ်း ၍၊

2အမြင့်ဆုံး သောဘုရား၏ နာမ တော်ကို ထောမနာသီချင်း ဆိုခြင်းငှါ ၎င်း၊

3စောင်း နှင့်တကွ ကြိုး ဆယ်ပင်ရှိသောတူရိယာ၊ တယော ၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာ တော်နှင့် သစ္စာ တော်ကို နံနက် အချိန်၊ ည အချိန်အစဉ်အတိုင်းပြ ခြင်းငှါ ၎င်း လျောက်ပတ်ပေ၏။

4အို ထာဝရဘုရား ၊ အမှု တော်များအားဖြင့် အကျွန်ုပ် ကို ဝမ်းမြောက် စေတော်မူသည်ဖြစ်၍ ၊ လက် တော်နှင့် ပြုပြင် တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။

5အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။

6တိရစ္ဆာန် သဘောရှိသော သူ မ သိ ၊ မိုက် သောသူ နား မ လည်သော အမှုအရာဟူမူကား၊

7မ တရားသောသူတို့ သည် မြက်ပင် ကဲ့သို့ ပေါက် ၍ ၊ အဓမ္မ အမှုကို ပြု သောသူတို့ သည် ပွင့်လန်း ကြသောအခါ ၊ ထာဝရ ပျက်စီး ခြင်းသို့ ရောက်ရသောအကြောင်းပေတည်း။

8ကိုယ်တော် မူကား ၊ အစဉ်အမြဲ ကြီးမြင့် တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။

9အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ အဓမ္မ အမှုကိုပြု သောသူ အပေါင်း တို့သည် အရပ်ရပ်ကွဲပြား ကြလိမ့်မည်။

10အကျွန်ုပ် ၏ ချို ကိုကား၊ ကြံ့ ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ် သောဆီ နှင့် လိမ်း တော်မူလိမ့်မည်။

11အကျွန်ုပ် ၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိ မြင် လျက် ၊ ရန်ဘက် ပြုသောလူဆိုးတို့အကြောင်းကို နား ကြား လျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။

12ဖြောင့်မတ် သောသူသည် စွန်ပလွံ ပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။

13ထာဝရဘုရား ၏ အိမ် တော်၌ စိုက်ပျိုး သောသူတို့ သည် ငါ တို့ဘုရား သခင်၏ တန်တိုင်း တော်တွင် ပွင့်လန်း ကြလိမ့်မည်။

14အသက်ကြီး သောကာလတွင် ပင် ၊ အသီး ကိုသီး၍ ကြွယ်ဝ စိမ်းလန်း ကြလိမ့်မည်။

15ထိုသို့သောအားဖြင့် ငါ ၏ကျောက် ၊ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၍ ၊ မ တရားသော အမှုနှင့် ကင်းလွတ် တော်မူသည်ဟု ထင်ရှား လိမ့်သတည်း။

Tip: use the ← and → keys to turn chapters.