ဆာလံ

Old Testament

Chapter 99
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 99

1ထာဝရဘုရား သည် စိုးစံ တော်မူ၏။ လူများ တို့ သည် တုန်လှုပ် ခြင်း ရှိကြစေ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီး သည် လှုပ်ရှား ခြင်းရှိစေ။

2ထာဝရဘုရား သည် ဇိအုန် တောင်မှာ ကြီးမြတ် တော်မူ၏။ လူများ အပေါင်း တို့ထက် ချီးမြှောက် ခြင်း ရှိတော်မူ၏။

3ကြီးမြတ် ၍ ကြောက်ရွံ့ ဘွယ်သော နာမ တော်ကို ချီးမွမ်း ကြစေ။ အကြောင်းမူကား၊ နာမ တော်သည် သန့်ရှင်း ခြင်း ရှိသတည်း။

4တရား ကို နှစ်သက် သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန် သော စီရင်ခြင်း ကို တည် စေတော်မူ၏။ ယာကုပ် အမျိုး၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။

5ငါ့ တို့ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ ခြေတော် တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော် သည် သန့်ရှင်း တော်မူသတည်း။

6ယဇ်ပုရောဟိတ် မောရှေ နှင့် အာရုန် ၊ နာမ တော်ကို ပဌနာ ပြုသောသူ ရှမွေလ ၊ ဤသူ တို့သည် ထာဝရဘုရား ကို ပဌနာ ပြု၍ ၊ ကိုယ်တော် သည် ထူး တော်မူ၏။

7သူ တို့အား မိုဃ်းတိမ် တိုင် ထဲ က မိန့် တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံ တော်မူချက်များကို၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက် ကြ၏။

8အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ထူး တော်မူ၏။ သူ တို့အမှု ကြောင့် အပြစ် ပေးသော်လည်း ၊ သူ တို့ကို သည်းခံ သော ဘုရား ဖြစ် တော်မူ၏။

9ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ သန့်ရှင်း သော တောင် တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်း မူကား၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သန့်ရှင်း တော်မူသတည်း။

Tip: use the ← and → keys to turn chapters.