ဆာလံ

Old Testament

Chapter 105
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 105

1ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့အား ပြသ ကြလော့။

2ထာဝရ ဘုရားကို သီချင်း ဆိုကြလော့။ ဆာလံ သီချင်း ကို ဆိုကြလော့။ အံ့ဘွယ် သော အမှုတော်အပေါင်း တို့ကို ဟောပြော ကြလော့။

3သန့်ရှင်း သောနာမ တော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရား ကို ရှာ သောသူတို့သည် စိတ် နှလုံးရွှင်လန်း ကြစေ။

4ထာဝရဘုရား နှင့် တန်ခိုး တော်ကို ရှာ ကြလော့။ မျက်နှာ တော်ကို အစဉ် မပြတ်ရှာ ကြလော့။

5စီရင်တော်မူသောအံ့ဩ ဘွယ်တို့ကို၎င်း၊ ထူးဆန်း သော အမှု တော်တို့နှင့် နှုတ်ထွက် ပညတ် တို့ကို၎င်း အောက်မေ့ ကြလော့။

6ထာဝရ ဘုရား၏ကျွန် အာဗြဟံ အမျိုး ၊ ရွေးကောက် တော်မူသောယာကုပ် အနွှယ် တို့၊

7ကိုယ်တော် မြတ် ထာဝရဘုရား သည် ငါ တို့ ဘုရား သခင်ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ၌ တရား စီရင် ပိုင်တော်မူ၏။

8ငါသည်သင် တို့အမွေခံ ရာဘို့ခါနာန် ပြည် ကို သင် ၌ ပေး မည်ဟု ငါတို့အမျိုးသည် အရေ အတွက်အားဖြင့်မများ၊

9အလွန်နည်း ၍ ထိုပြည် ၌ ဧည့်သည် ဖြစ် လျက်နေသောအခါ၊

10အာဗြဟံ ၌ ဂတိထား၍ ၊ ဣဇာက် ၌ ကျိန်ဆို တော်မူလျက်၊

11ယာကုပ် ၌ မြဲမြံ သောတရား ၊ ဣသရေလ ၌ နိစ္စ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊

12လူမျိုး အဆက်တထောင် တိုင်အောင် မိန့်မြွက် တော်မူသောနှုတ်ကပတ် တည်းဟူသော ဝန်ခံ ခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့ တော်မူ၏။

13သူတို့သည် တမြို့ မှ တမြို့ သို့ ၎င်း၊ တနိုင်ငံ မှ တနိုင်ငံ သို့ ၎င်း၊ လှည့်လည် ၍ သွားကြသောအခါ၊

14သူ တို့ကို ညှဉ်းဆဲ စေခြင်းငှါ အဘယ်သူ အားမျှ အခွင့်ပေး တော်မ မူ။ သူ တို့အတွက် လည်းရှင်ဘုရင် တို့ကို ဆုံးမ လျက်၊

15ငါ့ ထံ၌ ဘိသိတ် ခံသောသူတို့ကို မ ထိ မခိုက်နှင့်။ ငါ ၏ ပရောဖက် တို့ကို အပြစ် မ ပြုနှင့်ဟု မိန့်တော်မူ၏။

16တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ် ခြင်းဘေးကို ခေါ် ၍၊ အစာ အာဟာရတည်းဟူသောအထောက် အပင့် ရှိသမျှ ကို ချိုးဖျက် တော်မူသောအခါ၊

17ကျွန် ဖြစ်စေ ဘို့ အရောင်း ခံရသောယောသပ် ကို သူ တို့ရှေ့ မှာ စေလွှတ် တော်မူ၏။

18သူ့ ကိုခြေ ချင်းခတ်၍ သံ နှင့် ညှဉ်းဆဲ ကြ၏။

19သူ ၏စကား မ ပြည့်စုံ မှီတိုင်အောင်၊ ထာဝရ ဘုရား ၏ အမိန့် တော်အတိုင်း စုံစမ်း ခြင်းကို ခံရ၏။

20လူ တို့ကို အစိုးရ သောအရှင်တည်းဟူသော ရှင် ဘုရင်သည် စေလွှတ် ၍ သူ့ ကို နှုတ် ပြီးမှ ချမ်းသာ ပေးတော်မူ၏။

21သူသည် မိမိ အလိုရှိ သည်အတိုင်း မင်း အရာရှိ တို့ကို ချည်နှောင် ၍၊

22မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင် သော အခွင့်နှင့် နန်းတော် အုပ် ၊ နိုင်ငံ တော်အုပ် အရာ၌ ထိုသူ ကို ခန့် ထားတော်မူ၏။

23ဣသရေလ သည်လည်း အဲဂုတ္တု ပြည်သို့ ရောက် လာ၍ ၊ ယာကုပ် သည် ဟာမ အမျိုးနေရာပြည် ၌ တည်းခို ၏။

24ဘုရားသခင်သည် မိမိ လူ တို့ကို အလွန် များပြား စေ၍ ၊ ရန်သူ တို့ထက် အားကြီး စေတော်မူ၏။

25မိမိ လူ တို့ကို ရန်သူတို့သည်မုန်း ၍၊ မိမိ ကျွန် တို့ကို ပရိယာယ် ပြုမည် အကြောင်း ၊ ထိုသူ တို့ စိတ် နှလုံးကို ပြောင်းလဲ စေတော်မူ ၏။

26တဖန်မိမိ ကျွန် မောရှေ နှင့် ရွေးကောက် တော်မူသော အာရုန် ကို စေလွှတ် တော်မူ၏။

27အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာ သက်သေ တော်တို့ကိုပြ ၍ ၊ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သော အမှုတို့ကို ပြုကြ၏။

28မှောင်မိုက် ကိုစေလွှတ် ၍ ၊ မိုက်မဲ စေတော်မူ၏။ သူတို့သည် နှုတ်ကပတ် တော်ကို ဆန့်ကျင် ဘက်မ ပြုရကြ။

29သူ တို့ရေ များကို အသွေး ဖြစ်စေ ၍ ၊ ငါး များကို သေ စေတော်မူ၏။

30သူ တို့မြေ သည် များစွာသော ဘား တို့ကို မင်း အိပ်ရာအခန်း တို့ ၌ ပင်ဘွား လေ၏။

31အမိန့် တော်ရှိ၍ ယင်ရဲ နှင့်ခြင် တို့သည် တပြည်လုံး ကို နှံ့ပြား ကြ၏။

32မိုဃ်းရေ အစား မိုဃ်းသီး ကို၎င်း၊ သူ တို့မြေ ပေါ် မှာ မီးလျှံ ကို၎င်းပေး တော်မူ၏။

33သူ တို့စပျစ် နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက် ၍ ၊ တပြည်လုံး ၌ရှိသောသစ်ပင် များကို ချိုး တော်မူ ၏။

34အမိန့် တော်ရှိ၍ မ ရေတွက်နိုင်အောင်၊ အရာဘကျိုင်း နှင့် ယာလက်ကျိုင်း တို့သည် လာ ၍၊

35သူ တို့ပြည် မှာ ဟင်းသီး ဟင်းရွက်ရှိသမျှ တို့ကို၎င်း ၊ မြေဩဇာ အသီး အနှံတို့ကို၎င်း ကိုက်စား ကြ၏။

36သူ တို့အစွမ်း သတ္တိ အထွဋ် အမြတ်တည်းဟူသောသူ တို့ ပြည် မှာ သားဦး အပေါင်း တို့ကို ဒဏ်ခတ် တော်မူ၏။

37မိမိလူတို့ကို ရွှေ ငွေ ပါလျက် ထုတ် ဆောင်တော်မူ ၍ ၊ သူ တို့အစုစု ၌ အားနည်း သော သူတ ယောက်မျှမရှိ။

38အဲဂုတ္တု ပြည်သည် သူ တို့ကို ကြောက် သောကြောင့်၊ သူ တို့သည် ထွက်သွား သောအခါ တပြည်လုံးဝမ်းမြောက် ၏။

39သူတို့အပေါ်မှာ မိုဃ်းတိမ် ကိုဖြန့် မိုး ၍ ၊ ညဉ့် အခါ လင်း စရာဘို့ မီး ကိုပေးတော်မူ၏။

40သူတို့သည် တောင်း သောအခါ ငုံး များကို ဆောင် ခဲ့တော်မူ၍ ၊ သူ တို့ကို ကောင်းကင် မုန့် နှင့် ရောင့်ရဲ စေတော်မူ၏။

41ကျောက် ကိုလည်း ဖွင့်လှစ် တော်မူသဖြင့် ၊ ရေ သည် ထွက် ၍ သွေ့ ခြောက်သောအရပ်၌ မြစ် ကဲ့သို့စီးသွား လေ၏။

42အကြောင်း မူကား၊ မိမိ ကျွန် အာဗြဟံ ၌ ထားခဲ့ ဘူးသော သန့်ရှင်း သော ဂတိတော် ကို အောက်မေ့ တော်မူ ၏။

43ရွေးကောက် တော်မူသောမိမိ လူ တို့ကို ဝမ်းမြောက် ရွှင်လန်း ခြင်းနှင့်တကွ ထုတ် ဆောင်တော်မူ၏။

44သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ် တရားတော်ကို စောင့်ရှောက် မည်အကြောင်း၊

45တပါးအမျိုးသား တို့၏မြေ ကို ပေး တော်မူသဖြင့် ၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။

Tip: use the ← and → keys to turn chapters.