ဆာလံ

Old Testament

Chapter 114
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 114

1ဣသရေလ အမျိုး၊ ယာကုပ် အနွှယ် သည် ရိုင်း သောလူမျိုး နေရာ အဲဂုတ္တု ပြည်က ထွက်သွား သောအခါ၊

2ယုဒ အမျိုးသည် သန့်ရှင်း ရာဌာနတော်ဖြစ် ၏။ ဣသရေလ အမျိုးသည် နိုင်ငံ တော်ဖြစ်၏။

3ပင်လယ် သည် မြင် ၍ ပြေး လေ၏။ ယော်ဒန် မြစ် လည်း နောက် သို့ လှည့် လေ၏။

4တောင် ကြီးတို့သည် သိုး ကဲ့သို့ ၎င်း၊ တောင် ငယ်တို့သည် သိုးသငယ် ကဲ့သို့ ၎င်း ခုန် ကြ၏။

5အချင်းပင်လယ် ၊ သင်ပြေး သည် အကြောင်း ၊ အချင်းယော်ဒန် မြစ်၊ သင်သည် နောက် သို့လှည့် သည်အကြောင်း၊

6အချင်းတောင် ကြီးတို့၊ သင်တို့သည် သိုး ကဲ့သို့ ခုန် ကြသည်အကြောင်း၊ အချင်းတောင် ငယ်တို့၊ သင် တို့သည် သိုးသငယ် ကဲ့သို့ ခုန်ကြသည် အကြောင်း ကား အဘယ်သို့ နည်း။

7အိုမြေကြီး ၊ အရှင် ၏မျက်နှာ တော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရား သခင်၏ မျက်နှာ တော်ရှေ့မှာ တုန်လှုပ် လျက်နေလော့။

8ဘုရားသခင်သည် ကျောက် ကို ရေ ကန် ၊ မီး ကျောက်ကို စမ်းရေ တွင်းဖြစ်စေ တော်မူသတည်း။

Tip: use the ← and → keys to turn chapters.