၁ သက်သာလောနိ

Old Testament

Chapter 1

၁ သက်သာလောနိ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၁ သက်သာလောနိ 1

1ပေါလု ၊ သိလွာနု ၊ တိမောသေ တို့သည် ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ၌ တည်ရှိသော သက်သာလောနိတ် မြို့သား အသင်းတော် ကို ကြား လိုက်ပါ ၏။ သခင် ယေရှု ခရစ် နှင့် ငါတို့ အဘ တည်း ဟူသော ဘုရား သခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါ စေ သော။

2ငါ တို့အဘ တည်းဟူသောဘုရားသခင့် ရှေ့ တော်၌၊ သင် တို့သည် ယုံကြည် သောစိတ်နှင့် အကျင့် ကို ကျင့် ခြင်း၊ ချစ် သော စိတ်နှင့် ကြိုးစား အားထုတ်ခြင်း၊

3ငါ တို့သခင် ယေရှု ခရစ် ကို မြော်လင့် သော စိတ် နှင့် တည်ကြည် ခြင်းတို့ကို ငါ တို့သည် အစဉ်မပြတ် အောက်မေ့ လျက်၊ ဘုရား သခင် ချစ် တော်မူသော ညီအစ်ကို တို့၊ သင် တို့ခံရသော ရွေးကောက် တော်မူခြင်းကို သိ လျက်၊ သင် တို့အပေါင်း ကို အကြောင်း ပြုသဖြင့်၊

4ဘုရားသခင် ၏ ကျေးဇူး တော်ကို ကာလအစဉ် ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက် နေကြ၏။

5ငါတို့သည် သင် တို့နှင့်အတူ နေသောအခါ သင် တို့အတွက် အဘယ်သို့ သော သူဖြစ် သည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည်၊ သင် တို့၌ စကား သက်သက် ဖြစ်သည် မ ဟုတ်။ တန်ခိုး နှင့်၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ ဝိစိကိစ္ဆာ မရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံ သော တရားဖြစ်၏။

6သင် တို့သည် ကြီးစွာ သောဆင်းရဲ ခြင်းကို ခံရသော်လည်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်ဆိုင်သော ဝမ်းမြောက် ခြင်းနှင့်တကွ နှုတ်ကပတ် တရားတော်ကို ခံယူ ၍၊ ငါ တို့ကဲ့သို့သောသူ၊ သခင် ဘုရား ကဲ့သို့ သော သူဖြစ် ကြ၏။

7သို့ဖြစ်၍ ၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ယုံကြည် သော သူ အပေါင်း တို့အား သင် တို့သည် ပုံ သက်သေပေးသောသူ ဖြစ် ကြ၏။

8အဘယ်သို့ နည်းဟူမူကား၊ သင် တို့ထံက ၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတော်အသံ သည်၊ မာကေဒေါနိ ပြည်၊ အခါယ ပြည်၌ ကျော်စောသည်သာမက ၊ ဘုရားသခင် ကို သင် တို့ ယုံကြည် ခြင်း၏ သိတင်းသည် အရပ်ရပ် တို့၌ နှံ့ပြား လေ၏။ သို့ဖြစ်၍ ငါ တို့သည် တစ်စုံတစ်ခု ကိုမျှ ပြော စရာအကြောင်း မ ရှိ ။

9ငါ တို့သည် သင် တို့အထဲ သို့ အဘယ်သို့ ဝင် ကြသည် အကြောင်း အရာကို သူတို့သည် ကိုယ်တိုင် ကြားပြော ကြ၏။ အသက် နှင့် ပြည့်စုံလျက် မှန် တော်မူသော ဘုရားသခင် ၏ အမှု တော်ကို သင်တို့သည် ဆောင်ခြင်းငှာ၎င်း ၊

10ရောက် လတံ့သော ဘေးဒဏ် မှ ငါ တို့ကို ကယ်နှုတ် သော သခင်ယေရှု တည်းဟူသောသေ ခြင်းမှ ဘုရားသခင်ထမြောက် စေတော်မူသောသား တော်သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့် ခြင်းငှာ၎င်း၊ ရုပ်တု ဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့် အထံ တော်သို့ ပြောင်းလဲ ကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။

Tip: use the ← and → keys to turn chapters.