၂ယောဟန်

Old Testament

Chapter 1

၂ယောဟန်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၂ယောဟန် 1

1အသက်ကြီး သူ သည် မြတ်သော သခင်မ ကို၎င်း ၊ သားသမီး တို့ကို ၎င်း ကြား လိုက်ပါ ၏။ ငါ တို့၌ တည် ၍ ငါ တို့တွင် အစဉ်မပြတ် ရှိ လတံ့သော သမ္မာတရား ကြောင့် ၊

2ငါ မှစ၍ သမ္မာတရား ကို သိ သောသူ အပေါင်း တို့ သည်၊ သခင်မ နှင့် သားသမီး တို့၌ မှန်ကန် သောချစ် ခြင်း မေတ္တာ ရှိပါ၏။

3ခမည်းတော် ဘုရား ထံ တော်က၎င်း ၊ ခမည်းတော် ၏သား တော်ယေရှု ခရစ် အထံ က၎င်း၊ သမ္မာတရား ၊ မေတ္တာ တရားနှင့်တကွ ၊ ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိ ပါစေသော။

4ငါတို့သည် ခမည်းတော် ဘုရားထံ၌ ပညတ် တော်ကို ခံရ သည်အတိုင်း ၊ သင် ၏သားသမီး အချို့ တို့သည် သမ္မာတရား ၌ ကျင်လည် ၍ နေသည်ကို ငါတွေ့ သောအခါ၊ အလွန် ဝမ်းမြောက် ခြင်းရှိ၏။

5ယခု တွင် ပညတ် တော်သစ် ကို မ ရေး ဘဲလျက် ၊ ငါတို့၌ရှေ့ဦးစွာ ကပင် ရှိ သော ပညတ်တော် ကို ရေးထား ၍၊ သခင်မ ၊ အချင်းချင်း ချစ် ခြင်းမေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန် ၏။

6ပညတ် တော်တို့အတိုင်း ကျင့်စောင့် ခြင်းအရာ သည် ချစ် ရာရောက် ၏။ သင်တို့သည် ပညတ် တော်နှင့်အညီကျင့် မည်အကြောင်း ၊ ရှေ့ဦးစွာ ကပင် သင် တို့ ကြားရသည်အတိုင်း ၊ ပညတ် တော်သည်ထိုသို့သောသဘောရှိ ၏။

7လူဇာတိ အားဖြင့် ကြွလာ တော်မူသော ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ လှည့်ဖြား သော သူအများ တို့သည် လောက ထဲသို့ ဝင် ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြား သောသူ ဖြစ် ၏။ အန္တိခရစ် လည်း ဖြစ်၏။

8ငါတို့သည် ကိုယ်ပြုစု သောအရာ မ ပျောက် မပျက်၊ စုံလင် သောအကျိုး ကို ရ မည်အကြောင်း ၊ သင် တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက် ကြလော့။

9ခရစ်တော် ၏ဒေသနာ ၌ မ တည် ဘဲ လွန်ကျူး သောသူ မည်သည်ကား၊ ဘုရားသခင် ကိုမ သိ ။ ခရစ်တော်ဒေသနာ ၌ တည် သောသူ သည် ခမည်းတော် နှင့် သား တော်ကိုသိ ၏။

10ထို ဒေသနာ တော်မ ပါ သောသူ သည် သင် တို့ထံသို့ လာ လျှင် ၊ သူ့ ကိုသင့်အိမ် ၌ လက် မ ခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ် မ ဆက်နှင့်။

11မင်္ဂလာရှိစေသောဟုထိုသူ ကိုနှုတ်ဆက် လျှင် ၊ သူ ၏ဆိုးယုတ် သောအကျင့် တို့နှင့် ဆက်ဆံ ရာသို့ ရောက်၏။

12သင် တို့အား ငါရေး စရာအကြောင်း အများ ရှိ သော်လည်း ၊ စက္ကူ ပေါ်၌မှင် နှင့်ရေးခြင်းငှာအလို မ ရှိ၊ သင် တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက် ခြင်းစုံလင် မည်အကြောင်း ၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြော မည်ဟုမြော်လင့် လျက်နေ ၏။

13သင် ၏မြတ်သောညီမ ၏ သားသမီး တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။

Tip: use the ← and → keys to turn chapters.