ဆာလံ

Old Testament

Chapter 150
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 150

1သန့်ရှင်း ရာ ဌာနတော်၌ ဘုရား သခင်ကို ချီးမွမ်း ကြလော့။ ဘုန်း တော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ် မှာ ချီးမွမ်း ကြလော့။

2ထူးဆန်းသော တန်ခိုး တော်များကြောင့် ၊ ဘုရား သခင် ကို ချီးမွမ်း ကြလော့။ အလွန်တရာကြီးမြတ် တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်း ကြလော့။

3တံပိုး မှုတ် လျက် ဘုရား သခင်ကို ချီးမွမ်း ကြလော့။ တယော နှင့် စောင်း ကိုတီးလျက် ချီးမွမ်း ကြလော့။

4ပတ်သာ တီးလျက် ၊ ကခုန် လျက် နှင့်ချီးမွမ်း ကြလော့။ ကြိုး နှင့်ပြည့်စုံသော တုရိယာကိုတီးလျက် ၊ နှဲခရာ ကို မှုတ်လျက် ချီးမွမ်း ကြလော့။

5အသံ ကျယ်သောသံလွင် ကို တီးလျက် ချီးမွမ်း ကြလော့။ အကြီးဆုံး သော လင်းကွင်း ကိုလည်း တီးလျက် ချီးမွမ်း ကြလော့။

6အသက် ရှိသောသူအပေါင်း တို့သည် ထာဝရ ဘုရား ကို ချီးမွမ်း ကြစေ။ ဟာလေလုယ ။

Tip: use the ← and → keys to turn chapters.