ဆာလံ

Old Testament

Chapter 20
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 20

1ဘေး အန္တရာယ်ရောက်သောကာလ ၌ ၊ ထာဝရဘုရား သည် ကိုယ်တော် စကားကို နားထောင် ၍၊ ယာကုပ် ၏ဘုရား သခင်နာမ တော်သည် ချီးမြှောက် တော်မူပါစေသော။

2သန့်ရှင်း ရာဌာနတော်ထဲ က ကူညီ ၍၊ ဇိအုန် တောင်ပေါ်က ထောက် ပင့်တော်မူပါစေသော။

3ကိုယ်တော် ၏ ပူဇော် သက္ကာအလုံးစုံ တို့ကို အောက်မေ့ ၍ ၊ မီးရှို့ သောယဇ်ကို လက်ခံ တော်မူပါစေသော။

4ကိုယ်တော် ၏ စိတ် အလိုရှိသည်အတိုင်း ပေး သနား၍ ၊ အကြံ အစည်တော်ရှိသမျှ တို့ကို ပြည့်စုံ စေခြင်းငှါ ပြုတော်မူပါစေသော။

5ကိုယ်တော် ၏ကယ်တင် ခြင်းကြောင့် အကျွန်ုပ်တို့သည် ဝမ်းမြောက် ၍၊ အကျွန်ုပ်တို့ ဘုရား သခင်၏ အခွင့် နှင့် အလံ ကို ထူကြလိမ့်မည်။ ထာဝရဘုရား သည် ကိုယ်တော် ဆုတောင်း သမျှအတိုင်း ကျေးဇူး ပြုတော်မူပါစေသော။

6ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောသူအား၊ ကယ်တင် တော်မူကြောင်း ကို၎င်း၊ လက်ျာ လက်တော်ကယ်တင် ခြင်းအစွမ်း နှင့် ထိုသူ ၏စကားကိုသန့်ရှင်း သော ကောင်းကင် ပေါ် မှာ နားထောင် တော်မူကြောင်းကို၎င်း ယခု ငါသိ ၏။

7အချို့သောသူတို့သည် ရထား ကို ၎င်း ၊ အချို့တို့သည် မြင်း ကို ၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါ တို့မူကား ၊ ငါ တို့ဘုရား သခင်တည်းဟူသောထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။

8သူ တို့သည်နှိမ့်ချ ၍ လဲ လျက်ရှိကြ၏။ ငါ တို့မူကား ၊ ထ ၍ မတ်တတ် နေကြ၏။ အိုထာဝရ ဘုရား ၊ မင်းကြီး ကို ကယ်တင် တော်မူပါ။

9အကျွန်ုပ် တို့ခေါ် သောအခါ နားထောင် တော်မူပါ။

Tip: use the ← and → keys to turn chapters.