ဆာလံ

Old Testament

Chapter 20
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ဆာလံ 20

Judson Burmese Bible (1840)
Hebrew Old Testament (Masoretic Text)
1ဘေး အန္တရာယ်ရောက်သောကာလ ၌ ၊ ထာဝရဘုရား သည် ကိုယ်တော် စကားကို နားထောင် ၍၊ ယာကုပ် ၏ဘုရား သခင်နာမ တော်သည် ချီးမြှောက် တော်မူပါစေသော။
1לַמְנַצֵּ֗חַ מִזְמֹ֥ור לְדָוִֽד׃
2သန့်ရှင်း ရာဌာနတော်ထဲ က ကူညီ ၍၊ ဇိအုန် တောင်ပေါ်က ထောက် ပင့်တော်မူပါစေသော။
2יַֽעַנְךָ֣ יְ֭הוָה בְּיֹ֣ום צָרָ֑ה יְ֝שַׂגֶּבְךָ֗ שֵׁ֤ם ׀ אֱלֹהֵ֬י יַעֲקֹֽב׃
3ကိုယ်တော် ၏ ပူဇော် သက္ကာအလုံးစုံ တို့ကို အောက်မေ့ ၍ ၊ မီးရှို့ သောယဇ်ကို လက်ခံ တော်မူပါစေသော။
3יִשְׁלַֽח־עֶזְרְךָ֥ מִקֹּ֑דֶשׁ וּ֝מִצִּיֹּ֗ון יִסְעָדֶֽךָּ׃
4ကိုယ်တော် ၏ စိတ် အလိုရှိသည်အတိုင်း ပေး သနား၍ ၊ အကြံ အစည်တော်ရှိသမျှ တို့ကို ပြည့်စုံ စေခြင်းငှါ ပြုတော်မူပါစေသော။
4יִזְכֹּ֥ר כָּל־מִנְחֹתֶ֑ךָ וְעֹולָתְךָ֖ יְדַשְּׁנֶ֣ה סֶֽלָה׃
5ကိုယ်တော် ၏ကယ်တင် ခြင်းကြောင့် အကျွန်ုပ်တို့သည် ဝမ်းမြောက် ၍၊ အကျွန်ုပ်တို့ ဘုရား သခင်၏ အခွင့် နှင့် အလံ ကို ထူကြလိမ့်မည်။ ထာဝရဘုရား သည် ကိုယ်တော် ဆုတောင်း သမျှအတိုင်း ကျေးဇူး ပြုတော်မူပါစေသော။
5יִֽתֶּן־לְךָ֥ כִלְבָבֶ֑ךָ וְֽכָל־עֲצָתְךָ֥ יְמַלֵּֽא׃
6ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောသူအား၊ ကယ်တင် တော်မူကြောင်း ကို၎င်း၊ လက်ျာ လက်တော်ကယ်တင် ခြင်းအစွမ်း နှင့် ထိုသူ ၏စကားကိုသန့်ရှင်း သော ကောင်းကင် ပေါ် မှာ နားထောင် တော်မူကြောင်းကို၎င်း ယခု ငါသိ ၏။
6נְרַנְּנָ֤ה ׀ בִּ֘ישׁ֤וּעָתֶ֗ךָ וּבְשֵֽׁם־אֱלֹהֵ֥ינוּ נִדְגֹּ֑ל יְמַלֵּ֥א יְ֝הוָ֗ה כָּל־מִשְׁאֲלֹותֶֽיךָ׃
7အချို့သောသူတို့သည် ရထား ကို ၎င်း ၊ အချို့တို့သည် မြင်း ကို ၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါ တို့မူကား ၊ ငါ တို့ဘုရား သခင်တည်းဟူသောထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။
7עַתָּ֤ה יָדַ֗עְתִּי כִּ֤י הֹושִׁ֥יעַ ׀ יְהוָ֗ה מְשִׁ֫יחֹ֥ו יַ֭עֲנֵהוּ מִשְּׁמֵ֣י קָדְשֹׁ֑ו בִּ֝גְבֻרֹ֗ות יֵ֣שַׁע יְמִינֹֽו׃
8သူ တို့သည်နှိမ့်ချ ၍ လဲ လျက်ရှိကြ၏။ ငါ တို့မူကား ၊ ထ ၍ မတ်တတ် နေကြ၏။ အိုထာဝရ ဘုရား ၊ မင်းကြီး ကို ကယ်တင် တော်မူပါ။
8אֵ֣לֶּה בָ֭רֶכֶב וְאֵ֣לֶּה בַסּוּסִ֑ים וַאֲנַ֓חְנוּ ׀ בְּשֵׁם־יְהוָ֖ה אֱלֹהֵ֣ינוּ נַזְכִּֽיר׃
9အကျွန်ုပ် တို့ခေါ် သောအခါ နားထောင် တော်မူပါ။
9הֵ֭מָּה כָּרְע֣וּ וְנָפָ֑לוּ וַאֲנַ֥חְנוּ קַּ֝֗מְנוּ וַנִּתְעֹודָֽד׃
no verse 10 in this text
10יְהוָ֥ה הֹושִׁ֑יעָה הַ֝מֶּ֗לֶךְ יַעֲנֵ֥נוּ בְיֹום־קָרְאֵֽנוּ׃

Tip: use the ← and → keys to turn chapters.