ဆာလံ 49
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament (Masoretic Text)
1လူ များအပေါင်း တို့၊ ကြား ကြလော့။ ခပ်သိမ်း သောလောက သား၊
1לַמְנַצֵּ֬חַ ׀ לִבְנֵי־קֹ֬רַח מִזְמֹֽור׃
2အယုတ်အမြတ်၊ ကြွယ်ဝ သောသူ၊ ဆင်းရဲ သောသူတို့၊ တညီ တညွတ်တည်းနားထောင် ကြလော့။
2שִׁמְעוּ־זֹ֭את כָּל־הָֽעַמִּ֑ים הַ֝אֲזִ֗ינוּ כָּל־יֹ֥שְׁבֵי חָֽלֶד׃
3ငါ့ နှုတ် သည်ပညာ ကိုမြွတ် ဆိုမည်။ ငါ့ နှလုံး သည် ဉာဏ် နှင့်ဆိုင်သောအရာကို ဆင်ခြင် မည်။
3גַּם־בְּנֵ֣י אָ֭דָם גַּם־בְּנֵי־אִ֑ישׁ יַ֝֗חַד עָשִׁ֥יר וְאֶבְיֹֽון׃
4ပုံ စကားသို့ ကိုယ် နား ကိုလှည့် လျက် နက်နဲ သော အရာကို စောင်း တီး၍ ဖွင့် ပြပေအံ့။
4פִּ֭י יְדַבֵּ֣ר חָכְמֹ֑ות וְהָג֖וּת לִבִּ֣י תְבוּנֹֽות׃
5ခဲယဉ်း ဆိုးယုတ်သောကာလ ၌ ငါ ၏အရာကို လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ ကို ဝိုင်း သော်လည်း၊ ငါသည် အဘယ်ကြောင့် ကြောက် ရမည်နည်း။
5אַטֶּ֣ה לְמָשָׁ֣ל אָזְנִ֑י אֶפְתַּ֥ח בְּ֝כִנֹּ֗ור חִידָתֽ͏ִי׃
6ထိုသူ တို့သည် ကိုယ်ဥစ္စာ ကို ကိုးစား ၍ ၊ ကိုယ် စည်းစိမ် များ သောကြောင့်ဝါကြွား သော်လည်း၊
6לָ֣מָּה אִ֭ירָא בִּ֣ימֵי רָ֑ע עֲוֹ֖ן עֲקֵבַ֣י יְסוּבֵּֽנִי׃
7မိမိညီအစ်ကိုကို အဘယ် သူမျှအလျှင်းမ ရွေး နိုင်။ ရွေးရန်အဘိုး ကိုဘုရား သခင်၌ မ ပေး နိုင်။
7הַבֹּטְחִ֥ים עַל־חֵילָ֑ם וּבְרֹ֥ב עָ֝שְׁרָ֗ם יִתְהַלָּֽלוּ׃
8သူ တို့အသက် ဝိညာဉ်၏ ရွေး ရန် အဘိုး ကြီးလှပေ၏။ သို့ဖြစ်၍ အစဉ် ရှုံး လျက် နေရမည်။
8אָ֗ח לֹא־פָדֹ֣ה יִפְדֶּ֣ה אִ֑ישׁ לֹא־יִתֵּ֖ן לֵאלֹהִ֣ים כָּפְרֹֽו׃
9ရွေးလျှင် အစဉ် အမြဲအသက် ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မ ရောက်ရာ။
9וְ֭יֵקַר פִּדְיֹ֥ון נַפְשָׁ֗ם וְחָדַ֥ל לְעֹולָֽם׃
10ထင်ရှား သောအရာဟူမူကား ၊ ပညာရှိ သောသူတို့ သည် သေ တတ်ကြ၏။ ထို အတူမိုက် သောသူနှင့် တိရစ္ဆာန် သဘောရှိသောသူတို့ သည် ပျက်စီး ခြင်း သို့ရောက်၍ ၊ မိမိ တို့ဥစ္စာ ကို သူတပါး တို့၌ ချန် ထားကြ၏။
10וִֽיחִי־עֹ֥וד לָנֶ֑צַח לֹ֖א יִרְאֶ֣ה הַשָּֽׁחַת׃
11မိမိ တို့အိမ် သည် ထာဝရ ဖြစ်လိမ့်မည်။ မိမိ တို့ နေရာ လည်း လူမျိုး အစဉ်အဆက်တည်လိမ့်မည်။ မိမိ တို့ နာမ သည် မြေ ပေါ် မှာ ကျော်စော လိမ့်မည်ဟု သူ တို့ စိတ် ထင်ရှိကြ၏။
11כִּ֤י יִרְאֶ֨ה ׀ חֲכָ֘מִ֤ים יָמ֗וּתוּ יַ֤חַד כְּסִ֣יל וָבַ֣עַר יֹאבֵ֑דוּ וְעָזְב֖וּ לַאֲחֵרִ֣ים חֵילָֽם׃
12သို့ရာတွင် လူ သည်ဂုဏ် အသရေ၌ မ တည် မနေ တတ်။ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။
12קִרְבָּ֤ם בָּתֵּ֨ימֹו ׀ לְֽעֹולָ֗ם מִ֭שְׁכְּנֹתָם לְדֹ֣ר וָדֹ֑ר קָֽרְא֥וּ בִ֝שְׁמֹותָ֗ם עֲלֵ֣י אֲדָמֹֽות׃
13ထိုသို့ ပြုမူ ခြင်းအရာသည် သူ တို့၏ကိုးစား ရာ ဖြစ်၍ ၊ သူ တို့သားမြေးတို့သည် သူ တို့စကား ကို နှစ်သက် တတ်ကြ၏။
13וְאָדָ֣ם בִּ֭יקָר בַּל־יָלִ֑ין נִמְשַׁ֖ל כַּבְּהֵמֹ֣ות נִדְמֽוּ׃
14ထိုသူ တို့ကို သိုး များကဲ့သို့ မရဏာ နိုင်ငံ၌ ချ ထား ၍ သေမင်း စား လိမ့်မည်။ ကာလ မကြာမမြင့်မှီ ဖြောင့်မတ် သောသူတို့သည် အုပ်စိုး ရကြလိမ့်မည်။ သူ တို့၏ ကိုယ် ခန္ဓါသည် ဖောက်ပြန် ဘို့ ရာဖြစ်၏။ မရဏာ နိုင်ငံသည် သူ တို့၏ နေရာ ဖြစ်၏။
14זֶ֣ה דַ֭רְכָּם כֵּ֣סֶל לָ֑מֹו וְאַחֲרֵיהֶ֓ם ׀ בְּפִיהֶ֖ם יִרְצ֣וּ סֶֽלָה׃
15ငါ့ ကိုမူကား ၊ ဘုရား သခင်သိမ်းယူ တော်မူသောကြောင့် ၊ ငါ ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၏ တန်ခိုး မှ ရွေး တော်မူမည်။
15כַּצֹּ֤אן ׀ לִֽשְׁאֹ֣ול שַׁתּוּ֮ מָ֤וֶת יִ֫רְעֵ֥ם וַיִּרְדּ֘וּ בָ֤ם יְשָׁרִ֨ים ׀ לַבֹּ֗קֶר *וְצִירָם (וְ֭צוּרָם) לְבַלֹּ֥ות שְׁאֹ֗ול מִזְּבֻ֥ל לֹֽו׃
16သူတပါး သည် ဥစ္စာ ကြွယ်ဝ၍ ၊ အိမ် ၏ဂုဏ် အသရေတိုးပွါး သောအခါ သင်သည် မ စိုးရိမ် နှင့်။
16אַךְ־אֱלֹהִ֗ים יִפְדֶּ֣ה נַ֭פְשִׁי מִֽיַּד־שְׁאֹ֑ול כִּ֖י יִקָּחֵ֣נִי סֶֽלָה׃
17ထိုသူ သည်သေ သောအခါ ၊ အဘယ် ဥစ္စာမျှ မ ပါ ရ။ သူ ၏ဂုဏ် အသရေသည် သူ့ နောက် သို့ မ ဆင်းသက် ရ။
17אַל־תִּ֭ירָא כִּֽי־יַעֲשִׁ֣ר אִ֑ישׁ כִּֽי־יִ֝רְבֶּה כְּבֹ֣וד בֵּיתֹֽו׃
18ထိုသူ သည် အသက် ရှင်စဉ် အခါ၊ မိမိ ဝိညာဉ် ကို ကောင်းကြီး ပေး တတ်၏။ မိမိ အကျိုး ကို ပြုစုသောအခါ သူတပါးတို့သည်ချီးမွမ်း တတ်ကြ၏။
18כִּ֤י לֹ֣א בְ֭מֹותֹו יִקַּ֣ח הַכֹּ֑ל לֹא־יֵרֵ֖ד אַחֲרָ֣יו כְּבֹודֹֽו׃
19သို့သော်လည်း၊ သူသည် သူ ၏ဘိုးဘေး အမျိုး ရှိရာသို့ သွား ရလိမ့်မည်။ ကာလ အစဉ်အဆက် သူတို့သည်အလင်း ကို မ မြင် ရကြ။
19כִּֽי־נַ֭פְשֹׁו בְּחַיָּ֣יו יְבָרֵ֑ךְ וְ֝יֹודֻ֗ךָ כִּי־תֵיטִ֥יב לָֽךְ׃
20ဂုဏ် အသရေနှင့် ပြည့်စုံလျက် ပညာ သတိမ ရှိ သောသူသည်ကား ၊ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။
20תָּ֭בֹוא עַד־דֹּ֣ור אֲבֹותָ֑יו עַד־נֵ֝֗צַח לֹ֣א יִרְאוּ־אֹֽור׃
no verse 21 in this text
21אָדָ֣ם בִּ֭יקָר וְלֹ֣א יָבִ֑ין נִמְשַׁ֖ל כַּבְּהֵמֹ֣ות נִדְמֽוּ׃
Tip: use the ← and → keys to turn chapters.