ဆာလံ

Old Testament

Chapter 21
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 21

1အိုထာဝရဘုရား ၊ မင်းကြီး သည် ကိုယ်တော် ၏အစွမ်း သတ္တိကြောင့် ဝမ်းမြောက် ၍ ၊ ကယ်တင် တော်မူခြင်း အားဖြင့် အလွန် ရွှင်လန်း ပါ၏။

2သူ ၏နှုတ် နှင့် ဆုတောင်း သည်ကို ငြင်းပယ် တော်မ မူ။ သူ ၏စိတ် အလို ရှိသည်အတိုင်း ပေး သနားတော်မူပြီ။

3ကောင်းမြတ် သော မင်္ဂလာ တို့ကို အဦး ပြု၍ ပေး တော်မူပြီ။ ရွှေစင် သရဖူ ကို သူ ၏ခေါင်း ပေါ် မှာ တင် တော်မူပြီ။

4သူ သည် အသက် ကို ဆုတောင်း ၍၊ ကိုယ်တော်သည်အသက်မက၊ ထာဝရ အသက် ကို ပေး သနားတော်မူပြီ။

5ကယ်တင် တော်မူခြင်းအားဖြင့် သူ သည် ဘုန်း ကြီး ၍၊ လက်တော်မှ ဂုဏ် အသရေနှင့် တန်ခိုး အာနုဘော်ကိုခံရ ပါ၏။

6ကိုယ်တော် သည် သူ့ ကိုထာဝရ မင်္ဂလာ အရာ၌ ခန့်ထား ၍ ၊ မျက်နှာ တော်အားဖြင့် အလွန် ဝမ်းမြောက် စေ တော်မူ၏။

7အကြောင်း မူကား၊ မင်းကြီး သည် ထာဝရဘုရား ကို ကိုးစား ၍ ၊ အမြင့်ဆုံး သောဘုရား၏ကရုဏာ တော်ကြောင့် တည်ကြည် တတ်ပါ၏။

8ကိုယ်တော် ၏လက် သည် ရန်သူ အပေါင်း တို့ကိုတွေ့ ၍ ၊ ကိုယ်တော် ကိုမုန်း သောသူတို့ကို လက်ျာ လက်တော်သည် တွေ့ တော်မူမည်။

9အမျက် တော်ထွက်သောကာလ ၌ သူ တို့ကို မီးဖို ကဲ့သို့ ဖြစ် စေတော်မူမည်။ ထာဝရဘုရား သည် အမျက် တော် အားဖြင့် သူ တို့ကို မျို တော်မူ၍ ၊ မီး သည်လည်း လောင် စားပါလိမ့်မည်။

10သူ တို့အမျိုး အနွယ်ကို မြေကြီး မှ ပယ်ရှင်း ၍ ၊ သား စဉ်မြေးဆက်တို့ကို လူမျိုး ထဲက ဖျက်ဆီးတော်မူမည်။

11အကြောင်း မူကား၊ ကိုယ်တော် တဘက် ၌ မကောင်း သော အကြံကိုကြံစည် ၍၊ မကောင်းသောပရိယာယ် ကိုပြု ကြပါပြီ။ သို့ရာတွင်အကြံမ ထ မြောက်ကြပါ။

12ထိုကြောင့် သူ တို့မျက်နှာ တဘက် ၌ လေး မြှားတို့ ကိုရွယ် ၍၊ သူ တို့ကျော ကို လှည့် စေတော်မူမည်။

13အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစွမ်း တန်ခိုးတော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုး တော်ကို ထောမနာ သီချင်းဆို ကြပါမည်။

Tip: use the ← and → keys to turn chapters.