ဆာလံ

Old Testament

Chapter 95
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 95

1လာကြ။ ထာဝရဘုရား အား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါ တို့သည် ကယ်တင် ခြင်းသို့ရောက် ရာ ကျောက် ကို ကျူးဧ ကြကုန်အံ့။

2ကျေးဇူး တော်ကို ချီးမွမ်းလျက် ရှေ့ တော်သို့ ဝင် ၍၊ ဆာလံသီချင်း ဆိုလျက် ကျူးဧ သောအသံကို ပြုကြကုန် အံ့။

3ထာဝရဘုရား သည် ကြီးမြတ် သောဘုရား ၊ ဘုရား တကာ တို့ထက် ကြီးမြတ် သော ဘုရင် ဖြစ်တော်မူ၏။

4မြေကြီး နက်နဲ ရာ အရပ်တို့သည် လက် တော် ၌ ရှိကြ၏။ တောင် ထိပ် တို့ကိုလည်း ပိုင်တော်မူ၏။

5ပင်လယ် ကိုလည်း ဖန်ဆင်း ၍ ပိုင်တော်မူ၏။ ကုန်း ကိုလည်း လက် တော်နှင့် ပြုပြင် တော်မူ၏။

6လာကြ။ ပြပ်ဝပ် ၍ ကိုးကွယ် ကြကုန်အံ့။ ငါ တို့ကို ဖန်ဆင်း တော်မူသောထာဝရ ဘုရား၏ ရှေ့ တော်၌ ဒူးထောက် ကြကုန်အံ့။

7ထာဝရ ဘုရားသည် ငါ တို့၏ ဘုရား ဖြစ်တော်မူ ၏။ ငါ တို့သည်လည်း ၊ အထံ တော်၌ ကျက်စား သောသူ ၊ လက် တော်အောက်၌ နေသောသိုးစု ဖြစ်ကြ၏။

8ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော် အသံ ကို ကြား လျက် ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။

9သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍၊ ငါ ၏အမှု တို့ကို မြင် ရသောတော တွင် ၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

10ထိုလူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူ တို့သည် စိတ် သဘောမှားယွင်း တတ်သော လူမျိုး ဖြစ်ကြ၏။ ငါ ၏ အလေ့ အလာတို့ကို နား မ လည်ကြဟု ငါဆို ရ၏။

11ထိုကြောင့် သူတို့သည် ငါ ၏ချမ်းသာ ထဲ သို့ မ ဝင် ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆို ၏။

Tip: use the ← and → keys to turn chapters.