ဆာလံ 127
Judson Burmese Bible (1840)Translation
1ထာဝရဘုရား သည် အိမ် ကို ဆောက် တော်မ မူ လျှင် ၊ ဆောက် သောသူတို့ သည် အချည်းနှီး လုပ်ဆောင် ကြ၏။ ထာဝရဘုရား သည် မြို့ ကို စောင့် တော်မ မူလျှင် ၊ ကင်း စောင့်တို့သည် အချည်းနှီး စောင့် ကြ၏။
2စောစော ထလျက်၊ ညဉ့်နက်သည်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်း စွာ အစာ စား လျက်နေ သော်လည်း အကျိုး မရှိ။ အိပ်ပျော် ရသောအခွင့်ကို ချစ် တော်မူသောသူအား အမှန်ပေး တော်မူ၏။
3ဘွား မြင်သော သား သမီးတို့သည်ထာဝရဘုရား ဆု ချ၍ ပေးသနားတော်မူသောအမွေ ဥစ္စာဖြစ်ကြ၏။
4အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီး တို့ သည် သူရဲ လက် ၌ ရှိသောမြှား ကဲ့သို့ ဖြစ်ကြ၏။
5မိမိ မြှား တောင့်ကို သူ တို့နှင့် ပြည့် စေသောသူ သည် မင်္ဂလာ ရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမ ရှိ။ ရန်သူ တို့ကို တံခါး ဝ၌ ဆီးတား ကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.