ဆာလံ

Old Testament

Chapter 14
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 14

1ဘုရား သခင်မ ရှိဟု မိုက် သောသူသည် ထင် တတ် ၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်း သောအမှု ကို ပြု သောသူတ ယောက်မျှမရှိ။

2နားလည် သောသူ၊ ဘုရား သခင်ကိုရှာ သော သူတစုံတယောက်ရှိသည် မရှိ သည်ကို သိ မြင်ခြင်းငှါ ထာဝရဘုရား သည် ကောင်းကင် ပေါ်က လူ သား တို့ကို ငုံ့၍ကြည့်ရှု တော်မူ၏။

3လူအပေါင်း တို့သည် လမ်း လွဲကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့် ကို ကျင့်သော သူမ ရှိ။ တ ယောက်မျှ မ ရှိ။

4မုန့် ကိုစား သကဲ့သို့ငါ ၏လူ တို့ကို ကိုက်စား ၍၊ ထာဝရဘုရား ကို ပဌနာ မ ပြုသော အဓမ္မ လူ အပေါင်း တို့ သည် မ သိ ဘဲ နေရကြသလော။

5သို့ဖြစ်၍အလွန် ကြောက်လန့် ကြလိမ့်မည်။ အကြောင်း မူကား၊ ဘုရား သခင်သည် ဖြောင့်မတ် သော လူမျိုး ဘက်၌ ရှိတော်မူ၏။

6နှိမ့်ချလျက်ရှိသောသူ သည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့်၊ သင်တို့သည် သူ ၏အကြံ အစည်ကို အရှက်ကွဲ စေတတ်ကြ၏။

7ဣသရေလ အမျိုးကို ကယ်တင် ခြင်း ကျေးဇူးတော်သည်၊ ဇိအုန် တောင်ပေါ် မှာ ပေါ်ထွန်း ပါစေသော။ သိမ်း သွားခြင်းကို ခံရသောလူမျိုး တော်ကို တဖန် ထာဝ ဘုရားသည် ဆောင် ခဲ့တော်မူသောအခါ၊ ယာကုပ် သည် ဝမ်းမြောက် ခြင်း၊ ဣသရေလ သည်လည်း ရွှင်လန်း ခြင်း ရှိလိမ့်မည်။

Tip: use the ← and → keys to turn chapters.