ဆာလံ

Old Testament

Chapter 36
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 36

1ဘုရား သခင်ကို ကြောက်ရွံ့ ရသောအကြောင်းသည် မ တရားသောသူ၏ မျက်စိ ၌ မ ထင်ဟု၊ ထိုသူ ပြု တတ်သော ဒုစရိုက် ကို ငါ ထောက် ၍ သဘော ကျ၏။

2သူ ၏အပြစ် ကို တွေ့ တော်မမူ၊ ရွံရှာ တော်မမူဟု ကိုယ် မျက်စိ ရှေ့၌ ကိုယ် ကောင်းသော အယောင် ကို ဆောင်တတ်၏။

3သူ ပြော သောစကား သည် အဓမ္မ စကား၊ လှည့်စား သောစကားဖြစ်၏။ ကောင်း သောအကျင့်ကို ကျင့်စေ တတ်သောပညာ ကို စွန့် လေပြီ။

4အိပ်ရာ ပေါ် မှာ မကောင်း သောအမှုကို ကြံစည် တတ်၏။ မ ကောင်း သော လမ်း သို့ အမြဲလိုက် ၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာ ခြင်းမ ရှိ။

5အိုထာဝရဘုရား ၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်း တိမ်သို့ ၎င်း မှီပါ၏။

6ဖြောင့်မတ် တော်မူခြင်းတရားသည် ကြီးမား စွာ သောတောင်ရိုး နှင့် တူ ပါ၏။ တရား စီရင်တော်မူချက် တို့သည် အလွန် နက်နဲ ရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူ မျိုးနှင့် တိရစ္ဆာန် မျိုးကို စောင့်မ တော်မူ ၏။

7အိုဘုရား သခင်၊ ကရုဏာ တော်သည် အလွန် မြတ်နိုး ဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူ သား တို့သည် အတောင် တော်အရိပ် ကို ခိုလှုံ လျက်နေရကြပါ၏။

8အိမ် တော်၏ကြွယ်ဝ ခြင်းနှင့် ရောင့်ရဲ လျက် နေ၍ ၊ ကိုယ်တော် ၏ချမ်းသာ မြစ် ရေကို သောက် စေခြင်းငှါအခွင့်ပေးတော်မူ၏။

9အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။

10ကိုယ်တော် ကို သိ သောသူတို့အား ၊ ကရုဏာ တော်ကို၎င်း၊ သဘော ဖြောင့် သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည် မြဲတည်စေတော်မူပါ။

11မာန ၏ခြေ သည် အကျွန်ုပ် ကို မ နင်း ပါစေနှင့်။ မတရား သောသူတို့သည် အကျွန်ုပ် ကို နေရာ မ ရွေ့ကြ ပါစေနှင့်။

12ဒုစရိုက် ကို ပြု သောသူတို့သည် ထို အရပ်၌ပင် လဲ လျက်နေရကြပါ၏။ လှဲ ခြင်းကို ခံရသောကြောင့်၊ တဖန် ထ ခြင်းငှါမ တတ် နိုင်ကြပါ။

Tip: use the ← and → keys to turn chapters.