ဆာလံ 36
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1ဘုရား သခင်ကို ကြောက်ရွံ့ ရသောအကြောင်းသည် မ တရားသောသူ၏ မျက်စိ ၌ မ ထင်ဟု၊ ထိုသူ ပြု တတ်သော ဒုစရိုက် ကို ငါ ထောက် ၍ သဘော ကျ၏။
1The transgression of the wicked saith within my heart, that there is no fear of God before his eyes.
2သူ ၏အပြစ် ကို တွေ့ တော်မမူ၊ ရွံရှာ တော်မမူဟု ကိုယ် မျက်စိ ရှေ့၌ ကိုယ် ကောင်းသော အယောင် ကို ဆောင်တတ်၏။
2For he flattereth himself in his own eyes, until his iniquity be found to be hateful.
3သူ ပြော သောစကား သည် အဓမ္မ စကား၊ လှည့်စား သောစကားဖြစ်၏။ ကောင်း သောအကျင့်ကို ကျင့်စေ တတ်သောပညာ ကို စွန့် လေပြီ။
3The words of his mouth are iniquity and deceit: he hath left off to be wise, and to do good.
4အိပ်ရာ ပေါ် မှာ မကောင်း သောအမှုကို ကြံစည် တတ်၏။ မ ကောင်း သော လမ်း သို့ အမြဲလိုက် ၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာ ခြင်းမ ရှိ။
4He deviseth mischief upon his bed; he setteth himself in a way that is not good; he abhorreth not evil.
5အိုထာဝရဘုရား ၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်း တိမ်သို့ ၎င်း မှီပါ၏။
5Thy mercy, O LORD , is in the heavens; and thy faithfulness reacheth unto the clouds.
6ဖြောင့်မတ် တော်မူခြင်းတရားသည် ကြီးမား စွာ သောတောင်ရိုး နှင့် တူ ပါ၏။ တရား စီရင်တော်မူချက် တို့သည် အလွန် နက်နဲ ရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူ မျိုးနှင့် တိရစ္ဆာန် မျိုးကို စောင့်မ တော်မူ ၏။
6Thy righteousness is like the great mountains; thy judgments are a great deep: O LORD , thou preservest man and beast.
7အိုဘုရား သခင်၊ ကရုဏာ တော်သည် အလွန် မြတ်နိုး ဘွယ်ဖြစ်ပါ၏။ ထိုကြောင့် လူ သား တို့သည် အတောင် တော်အရိပ် ကို ခိုလှုံ လျက်နေရကြပါ၏။
7How excellent is thy lovingkindness, O God! therefore the children of men put their trust under the shadow of thy wings.
8အိမ် တော်၏ကြွယ်ဝ ခြင်းနှင့် ရောင့်ရဲ လျက် နေ၍ ၊ ကိုယ်တော် ၏ချမ်းသာ မြစ် ရေကို သောက် စေခြင်းငှါအခွင့်ပေးတော်မူ၏။
8They shall be abundantly satisfied with the fatness of thy house; and thou shalt make them drink of the river of thy pleasures.
9အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။
9For with thee is the fountain of life: in thy light shall we see light.
10ကိုယ်တော် ကို သိ သောသူတို့အား ၊ ကရုဏာ တော်ကို၎င်း၊ သဘော ဖြောင့် သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို၎င်း တည် မြဲတည်စေတော်မူပါ။
10O continue thy lovingkindness unto them that know thee; and thy righteousness to the upright in heart.
11မာန ၏ခြေ သည် အကျွန်ုပ် ကို မ နင်း ပါစေနှင့်။ မတရား သောသူတို့သည် အကျွန်ုပ် ကို နေရာ မ ရွေ့ကြ ပါစေနှင့်။
11Let not the foot of pride come against me, and let not the hand of the wicked remove me.
12ဒုစရိုက် ကို ပြု သောသူတို့သည် ထို အရပ်၌ပင် လဲ လျက်နေရကြပါ၏။ လှဲ ခြင်းကို ခံရသောကြောင့်၊ တဖန် ထ ခြင်းငှါမ တတ် နိုင်ကြပါ။
12There are the workers of iniquity fallen: they are cast down, and shall not be able to rise.
Tip: use the ← and → keys to turn chapters.