ဆာလံ 60
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက် ထွက်သဖြင့်၊ အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြား စေတော်မူပြီ။ တဖန် အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။
1O God, thou hast cast us off, thou hast scattered us, thou hast been displeased; O turn thyself to us again.
2မြေကြီး ကို လှုပ်၍ ခွဲ တော်မူပြီ။ ကွဲအက် ရာတို့ကို တဖန် စေ့စပ် စေတော်မူပါ။ တုန်လှုပ် လျက် ရှိပါသေး၏။
2Thou hast made the earth to tremble; thou hast broken it: heal the breaches thereof; for it shaketh.
3ကိုယ်တော် ၏လူ တို့ကို ခက်ထန် စွာ စီရင် ၍၊ မှိုင် တွေခြင်း စပျစ်ရည် ကို တိုက် တော်မူပြီ။
3Thou hast shewed thy people hard things: thou hast made us to drink the wine of astonishment.
4ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် သစ္စာ တရားကြောင့် ထူရသော အလံ ကို ပေး သနားတော်မူပြီ။
4Thou hast given a banner to them that fear thee, that it may be displayed because of the truth. Selah.
5ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည်အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့်ကယ်တင် တော်မူပါ။
5That thy beloved may be delivered; save with thy right hand, and hear me.
6သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။
6God hath spoken in his holiness; I will rejoice, I will divide Shechem, and mete out the valley of Succoth.
7ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကို လည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား၊ ငါ့ ဦးခေါင်း ၏အစွမ်း ဖြစ်ရ၏။ ယုဒ ပြည်ကား၊ ငါ ၏ လွှတ်တော် ဖြစ်ရ၏။
7Gilead is mine, and Manasseh is mine; Ephraim also is the strength of mine head; Judah is my lawgiver;
8မောဘ ပြည်ကား၊ ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား၊ ငါ့ ခြေနင်း ရာ ဖြစ်ရ၏။ ဖိလိတ္တိ ပြည်အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။
8Moab is my washpot; over Edom will I cast out my shoe: Philistia, triumph thou because of me.
9အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ် သူသွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ်သူ လမ်း ပြမည်နည်း။
9Who will bring me into the strong city? who will lead me into Edom?
10အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူသောကိုယ်တော် သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ် လော။
10Wilt not thou, O God, which hadst cast us off? and thou , O God, which didst not go out with our armies?
11ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါ မတတ်နိုင်ကြပါ။
11Give us help from trouble: for vain is the help of man.
12ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။
12Through God we shall do valiantly: for he it is that shall tread down our enemies.
Tip: use the ← and → keys to turn chapters.