ဆာလံ 28
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1အကျွန်ုပ် ၏ ကျောက် ဖြစ်တော်မူသောထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ မ ထူးဘဲ နေတော်မ မူပါနှင့်။ မ ထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူ ကဲ့သို့ ဖြစ်ရပါမည်။
1Unto thee will I cry, O LORD my rock; be not silent to me: lest, if thou be silent to me, I become like them that go down into the pit.
2အကျွန်ုပ် သည် သန့်ရှင်း သောဗျာဒိတ် ဌာနတော်သို့ လက် ကိုချီ ၍၊ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် တောင်း လျှောက်သော အသံ ကို နားထောင် တော်မူပါ။
2Hear the voice of my supplications, when I cry unto thee, when I lift up my hands toward thy holy oracle.
3အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီး လို သော စိတ် နှလုံးရှိသည်နှင့် ၊ လောက ဝတ်စကားကို ပြော တတ် သောသူတည်းဟူသောဆိုးယုတ် သောအမှု၊ မတရား သောအမှုကို ပြု တတ်သောသူတို့နှင့်အတူ အကျွန်ုပ် ကို သွေးဆောင် တော်မ မူပါနှင့်။
3Draw me not away with the wicked, and with the workers of iniquity, which speak peace to their neighbours, but mischief is in their hearts.
4သူ တို့ကျင့် သောအကျင့် ဓလေ့ဆိုးယုတ် သည် နှင့်အညီ ၊ အကျိုး အပြစ်ကို ဆပ်ပေး တော်မူပါ။ သူ တို့ ပြုမူ သည် အတိုင်း ဆပ်ပေး ၍ ၊ အပြစ် နှင့် အလျောက် စီရင် တော်မူပါ။
4Give them according to their deeds, and according to the wickedness of their endeavours: give them after the work of their hands; render to them their desert.
5သူ တို့သည် ထာဝရဘုရား ၏အမှုတော် ကို၎င်း၊ လက် တော်နှင့်ပြုပြင် တော်မူရာကို၎င်း မ မှတ် ကြသောကြောင့် ၊ တည်ဆောက် တော်မ မူ၊ ဖြိုဖျက် တော်မူမည်။
5Because they regard not the works of the LORD , nor the operation of his hands, he shall destroy them, and not build them up.
6ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
6Blessed be the LORD , because he hath heard the voice of my supplications.
7ငါ တောင်း လျှောက်သောအသံ ကို နားထောင် တော်မူပြီ။ ထာဝရဘုရား သည် ငါ ၏ခွန်အား ဗလ၊ ငါ ၏ အကွယ် အကာဖြစ်တော်မူ၏။ ငါ့ နှလုံး သည် ထို ဘုရားကို ကိုးစား ၍ ၊ ငါ့ကို စောင့်မ တော်မူသောကြောင့် ၊ ငါ့ နှလုံး သည်ရွှင်လန်း လျက်ရှိ၏။ သီချင်း ဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်း မည်။
7The LORD is my strength and my shield; my heart trusted in him, and I am helped: therefore my heart greatly rejoiceth; and with my song will I praise him.
8ထာဝရဘုရား သည် မိမိ လူစု၏ ခွန်အား ဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ် ခံသောသူ ၏ ကယ်တင် ခြင်းအကြောင်းကို ခိုင်ခံ့ မြဲမြံစေတော်မူ၏။
8The LORD is their strength, and he is the saving strength of his anointed.
9ကိုယ်တော် ၏လူစု ကို ကယ်တင် ၍ ၊ အမွေ တော် ကို ကောင်းကြီး မင်္ဂလာပေးတော်မူပါ။ သူ တို့ကိုအုပ်ထိန်း ၍ ၊ ထာဝရ ချီးမြှောက် ခြင်းရှိစေတော်မူပါ။
9Save thy people, and bless thine inheritance: feed them also, and lift them up for ever.
Tip: use the ← and → keys to turn chapters.