ဆာလံ 121
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1ငါ့ ကိုမစ ခြင်း အကြောင်းသည် ပေါ်ထွက် ရသော တောင် ရိုးသို့ ငါ မျှော် ကြည့်၏။
1I will lift up mine eyes unto the hills, from whence cometh my help.
2ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ထံ တော်မှ၊ ငါ့ ကို မစ ခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
2My help cometh from the LORD , which made heaven and earth.
3သင် ၏ ခြေ ကို ချော် စေခြင်းငှါ အခွင့်ပေး တော် မ မူ။ သင့် ကို စောင့် သောသူသည် အိပ် တော်မ မူ။
3He will not suffer thy foot to be moved: he that keepeth thee will not slumber.
4အကယ် စင်စစ်ဣသရေလ အမျိုးကို စောင့် သောသူသည် ငိုက်မျဉ်း အိပ်ပျော် ခြင်း ရှိတော်မ မူ။
4Behold, he that keepeth Israel shall neither slumber nor sleep.
5ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။
5The LORD is thy keeper: the LORD is thy shade upon thy right hand.
6နေ့ အချိန်၌ နေ အားဖြင့်၎င်း၊ ညဉ့် အချိန်၌ လ အားဖြင့် ၎င်း အထိ အခိုက်မ ရှိရာ။
6The sun shall not smite thee by day, nor the moon by night.
7ထာဝရဘုရား သည် မ ကောင်းသောအမှုအရာ အလုံးစုံ တို့ကို ကွယ်ကာ ၍၊ သင် ၏အသက် ကို စောင့် တော်မူလိမ့်မည်။
7The LORD shall preserve thee from all evil: he shall preserve thy soul.
8ထာဝရဘုရား သည် သင် ၏ ထွက် ခြင်းနှင့် ဝင် ခြင်းတို့ကို ယခု မှစ၍ အစဉ် အပြတ် စောင့် တော်မူလိမ့်မည်။
8The LORD shall preserve thy going out and thy coming in from this time forth, and even for evermore.
Tip: use the ← and → keys to turn chapters.