ရှင်ယောဟန် 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1အစအဦး ၌ နှုတ်ကပတ် တော်ရှိ ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင် နှင့်အတူ ရှိ ၏။ နှုတ်ကပတ် တော် သည်လည်း ဘုရားသခင် ဖြစ် တော်မူ၏။
1In the beginning was the Word, and the Word was with God, and the Word was God.
2ထိုနှုတ်ကပတ် တော်သည် အစအဦး ၌ ဘုရားသခင် နှင့်အတူ ရှိ ၏။
2The same was in the beginning with God.
3နှုတ်ကပတ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်း တော်မူခြင်းနှင့် ကင်းလွတ် လျက်ဖြစ် သော အရာတစ်စုံတစ်ခု မျှ မရှိ။
3All things were made by him; and without him was not any thing made that was made.
4ထိုနှုတ်ကပတ် တော်၌ အသက် ရှိ ၏။ ထိုအသက် သည်လည်း လူ တို့၏အလင်း ဖြစ် ၏။
4In him was life; and the life was the light of men.
5ထိုအလင်း သည် မှောင်မိုက် ၌ လင်း ၍ မှောင်မိုက် သည် မ ခံ မယူ။
5And the light shineth in darkness; and the darkness comprehended it not.
6ယောဟန် အမည် ရှိသော သူ တစ်ယောက်ကို ဘုရားသခင် စေလွှတ် တော်မူ၏။
6¶ There was a man sent from God, whose name was John.
7ထိုသူ ကိုလူအပေါင်း တို့သည် အမှီပြု ၍ယုံကြည် ခြင်းသို့ ရောက်မည်အကြောင်း ထိုသူ သည် သက်သေခံ ဖြစ်၍၊ အလင်း တော်၏အကြောင်း ကိုသက်သေခံ ခြင်းငှာ လာ ၏။
7The same came for a witness, to bear witness of the Light, that all men through him might believe.
8ထိုသူ သည် အလင်း တော်မ ဟုတ် ။ အလင်း တော်၏အကြောင်း ကို သက်သေခံ ခြင်းငှာ သာ လာ၏။
8He was not that Light, but was sent to bear witness of that Light.
9ဟုတ်မှန် သောအလင်း မူကား၊ ဤလောက သို့ ကြွလာ လျက် ခပ်သိမ်း သောလူ အပေါင်းတို့အား အလင်း ကို ပေးသော သူဖြစ် သတည်း။
9That was the true Light, which lighteth every man that cometh into the world.
10ထိုသူသည်ဤလောက ၌ ရှိ တော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူပြီ။ သို့သော်လည်း ဤလောက သည် ထိုသူ ကိုမ သိ ။
10He was in the world, and the world was made by him, and the world knew him not.
11သူသည်မိမိ ဒေသအရပ်သို့ ကြွလာ သော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ ကိုလက် မ ခံဘဲနေကြ၏။
11He came unto his own, and his own received him not.
12ထိုသူ ကိုလက်ခံ သမျှ သောသူတည်းဟူသောကိုယ်တော် ကို ယုံကြည် သောသူ တို့အား၊ ဘုရားသခင် ၏ သား ဖြစ် ရသောအခွင့် ကို ပေး တော်မူ၏။
12But as many as received him, to them gave he power to become the sons of God, even to them that believe on his name:
13ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။
13Which were born, not of blood, nor of the will of the flesh, nor of the will of man, but of God.
14နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။
14And the Word was made flesh, and dwelt among us, (and we beheld his glory, the glory as of the only begotten of the Father,) full of grace and truth.
15ယောဟန် သည် ထိုသခင် ၏အကြောင်း ကို သက်သေခံ ၍ ကြွေးကြော် သည်ကား၊ ငါ့ နောက် ကြွလာ သောသူ သည် ငါ မ ရှိမှီရှိ နှင့်သည်ဖြစ် ၍၊ ငါ့ ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူ ကိုဆိုလို သည်ဟု သက်သေခံလေ၏။
15¶ John bare witness of him, and cried, saying, This was he of whom I spake, He that cometh after me is preferred before me: for he was before me.
16ထိုသူ ၏ပြည့်စုံ ခြင်းမှ လည်းကျေးဇူး တစ်ပါး၌ ထပ်ဆင့် ၍ ကျေးဇူး တစ်ပါးကိုငါ တို့ရှိသမျှ သည်ခံရ ကြပြီ။
16And of his fulness have all we received, and grace for grace.
17အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။
17For the law was given by Moses, but grace and truth came by Jesus Christ.
18ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
18No man hath seen God at any time; the only begotten Son, which is in the bosom of the Father, he hath declared him.
19ယုဒ လူတို့က၊ သင် သည်အဘယ်သူ နည်းဟု ယောဟန် ကိုမေးမြန်း စေခြင်းငှာ ယဇ် ပုရောဟိတ်နှင့် လေဝိ လူတို့ကို ယေရုရှလင် မြို့မှ စေလွှတ် သောအခါ ၊ ယောဟန် သည် သက်သေခံ လေသည်မှာ၊
19¶ And this is the record of John, when the Jews sent priests and Levites from Jerusalem to ask him, Who art thou?
20ငါ သည် ခရစ်တော် မ ဟုတ် ဟု ထိမ်ဝှက် ခြင်းမ ရှိ။ အတည့်အလင်းပြောဆို ၏။
20And he confessed, and denied not; but confessed, I am not the Christ.
21ထိုသူ တို့ကလည်း ၊ သို့ဖြစ်လျှင် သင် သည်အဘယ်သူ နည်း။ ဧလိယ ဖြစ် သလောဟု မေးမြန်း ပြန်၏။ ယောဟန်က၊ ငါ သည် ဧလိယမ ဟုတ်ဟုဆို ၏။ ဤမည်သောပရောဖက် ဖြစ် သလောဟု မေးပြန်လျှင်၊ မ ဟုတ်ဟု ဆို ပြန်၏။
21And they asked him, What then? Art thou Elias? And he saith, I am not. Art thou that prophet? And he answered, No.
22ထိုသူတို့ကလည်း ၊ သင်သည်အဘယ်သူ နည်း။ ငါ တို့ကိုစေလွှတ် သောသူ တို့အား ပြန်လျှောက် စရာ ရှိ စေခြင်းငှာ ၊ သင်သည်ကိုယ် ကို အဘယ်သို့ ဆို သနည်းဟု မေး ပြန်ကြ၏။
22Then said they unto him, Who art thou? that we may give an answer to them that sent us. What sayest thou of thyself?
23ယောဟန်ကလည်း၊ ငါ သည်ပရောဖက် ဟေရှာယ ဟောပြော သည်နှင့်အညီ ၊ ထာဝရ ဘုရား၏ လမ်းခရီး တော်ကို ဖြောင့် စေကြလော့ဟု တော ၌ ဟစ်ကြော် သောသူ၏အသံ ဖြစ်သည်ဟု ဆို ၏။
23He said, I am the voice of one crying in the wilderness, Make straight the way of the Lord, as said the prophet Esaias.
24အစေခံ သောသူတို့ကား၊ ဖာရိရှဲ ဖြစ် ကြသတည်း။
24And they which were sent were of the Pharisees.
25ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။
25And they asked him, and said unto him, Why baptizest thou then, if thou be not that Christ, nor Elias, neither that prophet?
26ယောဟန် ကလည်း၊ ငါ သည်ရေ ၌ ဗတ္တိဇံ ကိုပေး၏။ သင် တို့အလယ် ၌သင် တို့မ သိ သော သူတစ်ယောက် ရှိ၏။
26John answered them, saying, I baptize with water: but there standeth one among you, whom ye know not;
27ထိုသူ သည်ငါ့ နောက် ကြွလာ သော်လည်းငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ ၏ခြေနင်း တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာ ငါ မ ထိုက် ဟုပြန်ပြော ၏။
27He it is, who coming after me is preferred before me, whose shoe’s latchet I am not worthy to unloose.
28ယောဟန် သည်ဗတ္တိဇံ ကိုပေးရာ အရပ် ၊ ယော်ဒန် မြစ်တစ်ဘက် ဗေသနိ ရွာ၌ ဤအမှုအရာဖြစ် သတည်း။
28These things were done in Bethabara beyond Jordan, where John was baptizing.
29နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။
29¶ The next day John seeth Jesus coming unto him, and saith, Behold the Lamb of God, which taketh away the sin of the world.
30ငါ မ ရှိမှီရှိ နှင့်သည်ဖြစ်၍ ၊ ငါ့ ထက်သာ၍ကြီးမြတ်သောသူ သည်ငါ့ နောက် ကြွလာ သည်ဟု ငါ ဆို ရာ၌၊ ထိုသူ ကိုဆိုလို ၏။
30This is he of whom I said, After me cometh a man which is preferred before me: for he was before me.
31အစကထိုသူ ကိုငါ မ သိ ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှား စေခြင်းငှာ ငါ သည် ရေ ၌ ဗတ္တိဇံ ကိုပေးလျက်လာ ၏။
31And I knew him not: but that he should be made manifest to Israel, therefore am I come baptizing with water.
32ထိုမှတစ်ပါး ဝိညာဉ် တော်သည်ကောင်းကင် မှ ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ထိုသူ ၏အပေါ် ၌နား တော်မူသည်ကို ငါမြင် ရပြီ။
32And John bare record, saying, I saw the Spirit descending from heaven like a dove, and it abode upon him.
33အစကထို သူကိုငါ မ သိ ။ ရေ ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှာငါ့ ကိုစေလွှတ် တော်မူသောသူ က၊ အကြင်သူ ၏ အပေါ် ၌ဝိညာဉ် တော်ဆင်းသက် ၍ နား တော်မူသည်ကို သင်သည်မြင် လျှင်၊ ထို သူကားသန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကိုပေးသောသူ ပေတည်းဟု မိန့် တော်မူသည်နှင့်အညီ။
33And I knew him not: but he that sent me to baptize with water, the same said unto me, Upon whom thou shalt see the Spirit descending, and remaining on him, the same is he which baptizeth with the Holy Ghost.
34ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
34And I saw, and bare record that this is the Son of God.
35တစ်ဖန် ယောဟန် သည် နက်ဖြန် နေ့၌ တပည့် နှစ် ယောက်တို့နှင့်အတူရပ် နေ၍၊
35¶ Again the next day after John stood, and two of his disciples;
36ယေရှု ကြွ တော်မူသည်ကိုမြင် လျှင် ၊ ဘုရားသခင် ၏ သိုးသငယ် ကို ကြည့် လော့ဟုဆို ၏။
36And looking upon Jesus as he walked, he saith, Behold the Lamb of God!
37တပည့် နှစ် ယောက်တို့သည် ထိုစကား ကိုကြား လျှင် ၊ ယေရှု နောက်တော်သို့ လိုက် ကြ၏။
37And the two disciples heard him speak, and they followed Jesus.
38ယေရှု သည်လှည့် ၍ ထိုသူ တို့ လိုက် ကြသည်ကိုမြင် တော်မူလျှင်၊ အဘယ် အလိုရှိ သနည်း ဟု မေး တော်မူ၏။ ထိုသူ တို့က၊ ရဗ္ဗိ ၊ ကိုယ်တော် သည် အဘယ်မှာ နေ တော်မူသနည်းဟု မေးလျှောက် ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင် ဘုရားဟု ဆိုလို သတည်း။
38Then Jesus turned, and saw them following, and saith unto them, What seek ye? They said unto him, Rabbi, (which is to say, being interpreted, Master,) where dwellest thou?
39ယေရှုကလည်း လာ ၍ ကြည့် ကြလော့ ဟု မိန့် တော်မူ၏။ ထို သူတို့သည်သွား၍ နေ တော်မူရာအရပ် ကို ကြည့် ကြ၏။ ထိုအချိန် သည် ဆယ် နာရီအချိန်ဖြစ် ၍ မိုဃ်းချုပ် သည်တိုင်အောင်အထံ တော်၌နေ ကြ၏။
39He saith unto them, Come and see. They came and saw where he dwelt, and abode with him that day: for it was about the tenth hour.
40ယောဟန် ၏စကား ကိုကြား၍ နောက် တော်သို့ လိုက်သောသူနှစ် ယောက်တို့တွင် တစ်ယောက်ကား ရှိမုန် ပေတရု ညီ အန္ဒြေ ပေတည်း။
40One of the two which heard John speak , and followed him, was Andrew, Simon Peter’s brother.
41ထိုသူ သည် မိမိ အစ်ကို ရှိမုန် ကို ရှေးဦးစွာ တွေ့ လျှင် ၊ ငါတို့သည် မေရှိ ကိုတွေ့ ကြပြီဟု ပြောဆို လျက်၊
41He first findeth his own brother Simon, and saith unto him, We have found the Messias, which is, being interpreted, the Christ.
42သူ့ ကိုယေရှု ထံသို့ ပို့ဆောင် လေ၏။ မေရှိအနက် ကား ခရစ်တော် ဟုဆိုလို သတည်း။ ယေရှု သည် ထို သူ ကိုကြည့်ရှု ၍၊ သင် သည်ယောန ၏သား ရှိမုန် ဖြစ် ၏ ကေဖ အမည် သစ်ကို ရလတံ့ ဟုမိန့် တော်မူ၏၊ ကေဖ အနက် ကား ပေတရု ဟုဆိုလိုသတည်း။
42And he brought him to Jesus. And when Jesus beheld him, he said, Thou art Simon the son of Jona: thou shalt be called Cephas, which is by interpretation, A stone.
43နက်ဖြန် နေ့၌ ဂါလိလဲ ပြည်သို့ ကြွ ခြင်းငှာအလို တော်ရှိလျှင် ဖိလိပ္ပု ကိုတွေ့ ၍ ၊ ငါ့ နောက် သို့ လိုက်လော့ ဟု မိန့် တော်မူ၏။
43¶ The day following Jesus would go forth into Galilee, and findeth Philip, and saith unto him, Follow me.
44ဖိလိပ္ပု ကား၊ အန္ဒြေ နှင့် ပေတရု မွေးဘွားရာ ဗက်ဇဲဒ မြို့မှ လာသောသူဖြစ် သတည်း။
44Now Philip was of Bethsaida, the city of Andrew and Peter.
45ဖိလိပ္ပု သည်နာသနေလ ကိုတွေ့ လျှင် ၊ မောရှေ သည် ပညတ္တိ ကျမ်း၌ ၎င်း၊ ပရောဖက် တို့သည် သူတို့ ကျမ်း ၌၎င်း အကြောင်းပြု ၍ ရေး ထားသောသူ ၊ နာဇရက် မြို့သား ဖြစ်သော ယောသပ် ၏သား ယေရှု ကို ငါတို့သည် တွေ့ ကြပြီဟုဆို ၏။
45Philip findeth Nathanael, and saith unto him, We have found him, of whom Moses in the law, and the prophets, did write, Jesus of Nazareth, the son of Joseph.
46နာသနေလ ကလည်း ၊ နာဇရက် မြို့ထဲက ကောင်း သောအရာတစ်စုံတစ်ခု မျှ ထွက် နိုင် သလောဟုမေး လျှင်၊ ဖိလိပ္ပု က၊ လာ ၍ ကြည့် ပါဟုဆို ၏။
46And Nathanael said unto him, Can there any good thing come out of Nazareth? Philip saith unto him, Come and see.
47နာသနေလ လာ သည်ကို ယေရှု သည် မြင် တော်မူလျှင်၊ လှည့်စား ခြင်းအပြစ်နှင့်ကင်းလွတ် သော ဣသရေလ လူစစ် ကိုကြည့် လော့ ဟု ထိုသူ ကိုအမှတ် ပြု၍ မိန့် တော်မူ၏။
47Jesus saw Nathanael coming to him, and saith of him, Behold an Israelite indeed, in whom is no guile!
48နာသနေလ ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ သောအားဖြင့်အကျွန်ုပ် ကို သိ တော်မူသနည်းဟု မေးလျှောက် သော်၊ ယေရှု က၊ ဖိလိပ္ပု သည် သင့် ကိုမ ခေါ် မှီ၊ သင် သည် သင်္ဘောသဖန်း ပင်အောက် ၌ရှိ သည်ကို ငါ မြင်သည် ဟု ပြန် ၍မိန့်တော်မူလျှင်၊
48Nathanael saith unto him, Whence knowest thou me? Jesus answered and said unto him, Before that Philip called thee, when thou wast under the fig tree, I saw thee.
49အရှင် ဘုရား၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏၊ ဣသရေလ လူတို့၏ ရှင်ဘုရင် လည်းဖြစ် တော်မူ၏ဟု နာသနေလ လျှောက် လေ၏။
49Nathanael answered and saith unto him, Rabbi, thou art the Son of God; thou art the King of Israel.
50တစ်ဖန် ယေရှု က၊ သင်္ဘောသဖန်း ပင်အောက် ၌ သင့် ကိုငါ မြင်သည် ဟုဆို သောကြောင့် ယုံ သလော။ ထိုမျှမက သင်သည် သာ၍ ကြီးစွာ သောအကြောင်း အရာကို မြင် လတံ့။
50Jesus answered and said unto him, Because I said unto thee, I saw thee under the fig tree, believest thou? thou shalt see greater things than these.
51သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ နောင်ကာလ၌ ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် လူ သား ၏အပေါ် ၌ဆင်း လျက်တက် လျက်ရှိနေသည်ကို၎င်း ၊ သင်တို့ သည် မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
51And he saith unto him, Verily, verily, I say unto you, Hereafter ye shall see heaven open, and the angels of God ascending and descending upon the Son of man.
Tip: use the ← and → keys to turn chapters.