ဆာလံ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1ဒါဝိဒ် သည် ဗင်္ယာမိန် အမျိုးသား ကုရှ ၏စကား ကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသံညှိ၍ဆို သော ဆာလံ။1အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ခိုလှုံ ပါ၏။ အကျွန်ုပ် ကို ညှဉ်းဆဲ သော သူအပေါင်း တို့၏လက်မှ အကျွန်ုပ် ကို နှုတ် ယူ၍ ကယ်တင် တော်မူပါ။
1O LORD my God, in thee do I put my trust: save me from all them that persecute me, and deliver me:
2သို့မဟုတ် နှုတ် ယူသောသူမ ရှိစဉ်၊ ရန်သူသည် ခြင်္သေ့ ကဲ့သို့ အကျွန်ုပ် ၏စိတ် ဝိညာဉ်ကို လုယူကိုက် ဖြတ် ပါလိမ့်မည်။
2Lest he tear my soul like a lion, rending it in pieces, while there is none to deliver.
3အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ထိုသို့ ပြု သော်၎င်း၊ အကျွန်ုပ် လက် မှာ အဓမ္မ အမှုရှိ သော်၎င်း၊
3O LORD my God, if I have done this; if there be iniquity in my hands;
4အကျွန်ုပ် နှင့် သင့်တင့် သောသူကို အကျွန်ုပ် ပြစ်မှား ၍ ၊ အကြောင်း မရှိဘဲလျက် ရန် ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲ သော် ၎င်း၊ ထိုသို့သော အပြစ်တစုံတခုရှိလျှင်၊
4If I have rewarded evil unto him that was at peace with me; (yea, I have delivered him that without cause is mine enemy:)
5ရန်သူ သည် အကျွန်ုပ် ၏ စိတ် ဝိညာဉ်ကိုလိုက် ၍ မှီ ပါစေ။ အကျွန်ုပ် အသက် ကို မြေ ပေါ် မှာနင်း ၍ ၊ အကျွန်ုပ် အသရေ ကို မြေမှုန့် ၌ နှိမ့်ချ ပါစေ။
5Let the enemy persecute my soul, and take it; yea, let him tread down my life upon the earth, and lay mine honour in the dust. Selah.
6အိုထာဝရဘုရား ၊ အမျက် တော် ထွက်၍ ထ တော်မူပါ။ အကျွန်ုပ် ၏ရန်သူ တို့ ပြင်းထန် ခြင်းကို ဆီးတား ၍ အားထုတ်တော်မူပါ။ အကျွန်ုပ် အဘို့ နိုး တော်မူ ပါ။ တရား စီရင် ဆုံးဖြတ်တော်မူပါ။
6Arise, O LORD , in thine anger, lift up thyself because of the rage of mine enemies: and awake for me to the judgment that thou hast commanded.
7လူမျိုး တို့သည်စည်းဝေး ၍ ကိုယ်တော် ကို ဝန်းရံ ကြလျက် ၊ သူ တို့အဘို့ မြင့် ရာအရပ်သို့ ပြန် ကြွတော်မူပါ။
7So shall the congregation of the people compass thee about: for their sakes therefore return thou on high.
8ထာဝရဘုရား သည် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဖြောင့်မတ် ခြင်း ကို၎င်း၊ စုံလင် ခြင်းကို၎င်း ထောက်၍ အကျွန်ုပ် အမှုကို စီရင် ဆုံးဖြတ်တော်မူပါ။
8The LORD shall judge the people: judge me, O LORD , according to my righteousness, and according to mine integrity that is in me.
9မတရား သောသူတို့ ၏ အဓမ္မ အမှုကိုဆုံးရှုံး စေ၍ ၊ တရား သောသူတို့ကိုမြဲမြံ စေတော်မူပါ။ တရား သဖြင့် ပြုတော်မူသောဘုရား ၊ ကိုယ်တော်သည် နှလုံး နှင့် ကျောက်ကပ် ကို စစ် တော်မူတတ်ပါ၏။
9Oh let the wickedness of the wicked come to an end; but establish the just: for the righteous God trieth the hearts and reins.
10သဘော ဖြောင့် သောသူတို့ကို ကယ်တင် တတ် သော ဘုရား သခင်သည် ငါ ၏အကွယ် အကာဖြစ်တော်မူ ၏။
10My defence is of God, which saveth the upright in heart.
11ဘုရား သခင်သည် တရား သဖြင့် စီရင် သော ဘုရား ဖြစ်၍ ၊ မတရားသောသူကို အစဉ် အမျက် ထွက် တော်မူ၏။
11God judgeth the righteous, and God is angry with the wicked every day.
12ထိုသူ သည်မ ပြောင်းလဲ လျှင် ထား တော်ကို သွေး တော်မူ၏။ လေး တော်ကိုတင် ၍ ရွယ် တော်မူ၏။
12If he turn not, he will whet his sword; he hath bent his bow, and made it ready.
13သေ စေသော လက်နက် ကိုလည်း သူ့ အဘို့ ပြင်ဆင် ၍ မြှား တော်တို့ကို လောင် စေတော်မူ၏။
13He hath also prepared for him the instruments of death; he ordaineth his arrows against the persecutors.
14ထိုသူသည် ဒုစရိုက် ဘွား သော ဝေဒနာ ကို ခံရ၏။ မ ကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ၍ ၊ စိတ်ပျက် ခြင်းကို ဘွားမြင် တတ်၏။
14Behold, he travaileth with iniquity, and hath conceived mischief, and brought forth falsehood.
15တွင်း ကိုလည်း နက်စွာတူး သဖြင့် ၊ မိမိ တူး သော တွင်း ထဲ သို့ မိမိ ကျ တတ်၏။
15He made a pit, and digged it, and is fallen into the ditch which he made.
16မိမိ မ ကောင်းသော အကြံအစည်သည် မိမိ ခေါင်း ပေါ် မှာ ပြန် ရောက်၍ ၊ မိမိ ကြမ်းတမ်း သောအမှု သည် မိမိ ခေါင်း ထိပ်ပေါ် မှာ သက် ရောက်တတ်၏။
16His mischief shall return upon his own head, and his violent dealing shall come down upon his own pate.
17ငါမူကား၊ ထာဝရ ဘုရား၏ တရား သောအမှု တော်ကို ချီးမွမ်း ၍ ၊ အမြင့်ဆုံး သောထာဝရဘုရား ၏ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။
17I will praise the LORD according to his righteousness: and will sing praise to the name of the LORD most high.
Tip: use the ← and → keys to turn chapters.