ဆာလံ 83
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
King James Version with Apocrypha
1အိုဘုရား သခင်၊ တိတ်ဆိတ် စွာ နေတော်မ မူပါ နှင့်။ အို ဘုရား သခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ် စွာ နေတော်မ မူပါနှင့်။
1Keep not thou silence, O God: hold not thy peace, and be not still, O God.
2ကိုယ်တော် ၏ရန်သူ တို့သည် ရုန်းရင်းခတ် ပြုကြပါ၏။ ကိုယ်တော် ကို မုန်း သောသူတို့သည် ထ ကြပါ၏။
2For, lo, thine enemies make a tumult: and they that hate thee have lifted up the head.
3ကိုယ်တော် ၏ လူစု တဘက် ၌ ပရိယာယ် ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာ တော်မူသောသူတို့ တဘက် ၌ တိုင်ပင် ကြပါ၏။
3They have taken crafty counsel against thy people, and consulted against thy hidden ones.
4ဣသရေလ ၏နာမ ကို နောက် တဖန် အောက်မေ့ စရာမ ရှိစေခြင်းငှါ လာ ကြ၊ သူ တို့အမျိုး ကို ပယ် ဖြတ် ကြကုန်အံ့ဟု ဆို ကြပါ၏။
4They have said, Come, and let us cut them off from being a nation; that the name of Israel may be no more in remembrance.
5သဘော တညီ တညွတ်တည်းတိုင်ပင် ၍ ၊ ကိုယ်တော် တဘက် ၌ အချင်းချင်း သင်း ဖွဲ့သော သူဟူမူကား။
5For they have consulted together with one consent: they are confederate against thee:
6ဧဒုံ ပြည်၌ နေ သောသူ၊ ဣရှမေလ အမျိုးသား၊ မောဘ ပြည်သား၊ ဟာဂရ ပြည်သား၊
6The tabernacles of Edom, and the Ishmaelites; of Moab, and the Hagarenes;
7ဂေဗလ ပြည်သား၊ အမ္မုန် ပြည်သား၊ အာမလက် ပြည်သား၊ တုရု မြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်း ဖွဲ့ကြပါ၏။
7Gebal, and Ammon, and Amalek; the Philistines with the inhabitants of Tyre;
8အာရှုရိ အမျိုးသားတို့သည်လည်း ၊ ဝိုင်း၍ လောတ အမျိုးသား တို့ဘက်သို့ ဝင် ကြပါ၏။
8Assur also is joined with them: they have holpen the children of Lot. Selah.
9မိဒျန် အမျိုးကို၎င်း၊ ခိရှုန် ချောင်း နား မှာ သိသရ မင်းနှင့် ယာဘိန် မင်းကို ၎င်းပြုသကဲ့သို့ သူ တို့ကို ပြု တော်မူ ပါ။
9Do unto them as unto the Midianites; as to Sisera, as to Jabin, at the brook of Kison:
10ထိုသူတို့သည် အင်္ဒေါရ အရပ်၌ ဆုံးရှုံး ၍၊ မြေ ပေါ် မှာ နောက်ချေး ကဲ့သို့ဖြစ် ကြပါ၏။
10Which perished at Endor: they became as dung for the earth.
11ငါတို့သည် ဘုရား သခင်၏အိမ် များကို ကိုယ် ဘို့ သိမ်းယူ ကြကုန်အံ့ဟု ဆို သော ဩရဘ မင်းနှင့် ဇေဘ မင်း ကဲ့သို့ ၊
11Make their nobles like Oreb, and like Zeeb: yea, all their princes as Zebah, and as Zalmunna:
12ဤသူ တို့၏မှူးမတ် များကို၎င်း ၊ ဇေဘဟ မင်းနှင့် ဇာလမုန္န မင်းကဲ့သို့ ဤသူ တို့၏မင်းသား အပေါင်း ကို၎င်း ဖြစ် စေတော်မူပါ။
12Who said, Let us take to ourselves the houses of God in possession.
13အကျွန်ုပ် ၏ ဘုရား သခင်၊ လေဘွေ ၌ ပါသွား သော အမှိုက် ကဲ့သို့ ၎င်း၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း သူ တို့ကို ဖြစ် စေတော်မူပါ။
13O my God, make them like a wheel; as the stubble before the wind.
14တော ကို မီး ရှို့ သကဲ့သို့ ၎င်း ၊ တောင် ပေါ်မှာ မီး လောင် သကဲ့သို့ ၎င်း၊
14As the fire burneth a wood, and as the flame setteth the mountains on fire;
15ထိုနည်းတူ ၊ မိုဃ်းသက် မုန်တိုင်းတော် အားဖြင့် သူ တို့ကိုညှဉ်းဆဲ ၍ ၊ ပြင်းစွာ သော လေတော်အားဖြင့် ချောက် လှန့်တော်မူပါ။
15So persecute them with thy tempest, and make them afraid with thy storm.
16အိုထာဝရဘုရား ၊ သူ တို့မျက်နှာ ကို ရှက် စေတော်မူ ၍ သူတို့သည် နာမ တော်ကို ရှာ ကြပါစေသော။
16Fill their faces with shame; that they may seek thy name, O LORD .
17စိတ်ပျက် ၍ အစဉ် ပင်ပန်း ခြင်း ရှိကြပါစေသော။ အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။
17Let them be confounded and troubled for ever; yea, let them be put to shame, and perish:
18ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။
18That men may know that thou, whose name alone is JEHOVAH , art the most high over all the earth.
Tip: use the ← and → keys to turn chapters.