ဆာလံ

Old Testament

Chapter 120
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 120

1အကျွန်ုပ် သည် ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။

2အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို သစ္စာ မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။

3အိုလှည့်စား တတ်သောလျှာ ၊ သင် သည်အဘယ် ကျေးဇူး ရှိ သနည်း။ အဘယ် အကျိုး ကိုခံရသနည်း။

4အားကြီး သောသူ ၏ ထက် သောမြှား ကဲ့သို့ ၎င်း၊ ရသမ် သစ်သားမီးခဲ ကဲ့သို့၎င်း ဖြစ်၏။

5ငါသည် မေရှက် ပြည်၌ တည်းခို ၍ ၊ ကေဒါ တဲ ၌ နေရ သည် အရာမှာ အ မင်္ဂလာရှိ၏။

6ငြိမ်သက် ခြင်းကို မုန်း သောသူတို့ နှင့်အတူ ၊ ငါ့ ဝိညာဉ် သည် ကြာမြင့် စွာနေ ရပါသည်တကား။

7ငါ သည် ငြိမ်သက် ခြင်းဘက်မှာနေ၏။ ငါပြော လျှင် မူကား ၊ သူ တို့သည် စစ်တိုက် ခြင်းငှါ အလိုရှိကြ၏။

Tip: use the ← and → keys to turn chapters.