ဆာလံ

Old Testament

Chapter 136
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 136

1ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။

2ဘုရား တို့၏အရှင် ၊ ဘုရား သခင်၏ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။

3အရှင် တို့၏သခင် ၊ ဘုရား ရှင်၏ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။

4ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အံ့ဘွယ် သောအမှုတို့ကို တပါး တည်းသာ ပြု တော်မူထသော၊

5ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ပညာ တရားအတိုင်း ကောင်းကင် ကို ဖန်ဆင်း တော်မူထသော၊

6ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ရေ ပေါ် မှာ မြေကြီး ကို ဖြန့် တော်မူထသော၊

7ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အလင်း အိမ်ကြီး တို့ကို ဖန်ဆင်း တော်မူထသော၊

8ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နေ့ ကိုအုပ်စိုး ရသောနေ ကို၎င်း ၊

9ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ညဉ့် ကို အုပ်စိုး ရသောလ နှင့် ကြယ် များကို၎င်းဖန်ဆင်းတော်မူထသော၊

10ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အဲဂုတ္တု ပြည်မှာ သားဦး များကို ဒဏ်ခတ် တော်မူထသော၊

11ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊

12ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်သားတို့ အထဲ က ထုတ် ဆောင်တော်မူထသော၊

13ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဧဒုံ ပင်လယ် ကို အပိုင်းပိုင်း ခွဲ တော်မူထသော၊

14ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ပင်လယ်အလယ် ၌ ဣသရေလ အမျိုးကို ရှောက်သွား စေတော်မူထသော၊

15ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဖာရော မင်းနှင့် ဗိုလ်ခြေ များကို ဧဒုံ ပင်လယ် ထဲ၌ လှဲချ တော်မူထသော၊

16ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ မိမိ လူစု ကိုတော ၌ ပို့ဆောင် တော်မူထသော၊

17ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ကြီး သောဘုရင် တို့ကို ဒဏ်ခတ် တော်မူထသော၊

18-

19-

20ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အာမောရိ ပြည်ကို အစိုးရ သောရှိဟုန် မင်းကို ၎င်း၊ ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ဗာရှန် ပြည် ကိုအစိုးရ သောဩဃ မင်းကို ၎င်း၊ ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဘုန်းကြီး သော ဘုရင် များကို၎င်း၊ လုပ်ကြံ တော်မူထသော၊

21ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ သူ တို့နေရာမြေ ကို လွှဲ တော်မူထသော၊

22ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ မိမိ ကျွန် ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူထသော၊

23ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နှိမ့်ချ လျက်နေသောငါ တို့ကိုအောက်မေ့ တော်မူထသော၊

24ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ငါ တို့ကိုရန်သူ တို့ အထဲ က ရွေးနှုတ် တော်မူထသော၊

25ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ကျွေးမွေး တော်မူသော၊

26ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။

Tip: use the ← and → keys to turn chapters.