ဆာလံ

Old Testament

Chapter 8
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 8

1အိုအကျွန်ုပ် တို့၏ ဘုရား ရှင်ထာဝရဘုရား ၊ နာမ တော် သည် မြေကြီး တပြင်လုံး ၌ အလွန် ကြီးမြတ်တော်မူ၏။ ဘုန်း အာနုဘော်တော်သည် မိုဃ်းကောင်းကင် ပေါ် မှာ တည် လျက်ရှိပါ၏။

2ကိုယ်တော် ၏ရန်သူ တို့ကို ရည်ဆောင်၍ ရန်သူကို ၎င်း၊ အငြိုး ထားသောသူကို၎င်း ၊ တိတ်ဆိတ် စွာနေစေ ခြင်းငှါ ၊ နို့စို့ သူငယ် တို့၏နှုတ် ထဲ မှအစွမ်း သတ္တိကို စီရင် တော်မူ၏။

3လက်ညှိုး တော်အလုပ် တည်းဟူသောကိုယ်တော် ၏ မိုဃ်းကောင်းကင် ကို၎င်း၊ ပြင်ဆင် တော်မူသောလ နှင့် ကြယ် များကို၎င်း၊ အကျွန်ုပ်ဆင်ခြင် သော်၊

4လူ သည် အဘယ်သို့ သောသူဖြစ်၍ ၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူ သား သည် အဘယ်သို့သောသူဖြစ်၍အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့် တော်မူပြီ။

5သူ ၏ခေါင်းကို ဘုန်း အသရေ နှင့် ပတ်ရစ် တော်မူပြီ။

6-

7-

8ဖန်ဆင်း တော်မူသောအရာများကို အုပ်စိုး စေ၍၊ သိုး နွား အစ ရှိသော မြေ တိရစ္ဆာန် မိုဃ်းကောင်းကင် ငှက် ၊ ပင်လယ် ငါး နှင့် ပင်လယ် လမ်း ၌သွား တတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာ တို့ကို သူ ၏ခြေ အောက် ၌ ချထား တော်မူပြီ။

9အိုအကျွန်ုပ် တို့၏ ဘုရားရှင် ထာဝရဘုရား ၊ ကိုယ်တော် ၏နာမ သည် မြေကြီး တပြင်လုံး ၌ အလွန် ကြီးမြတ် တော်မူသတည်း။

Tip: use the ← and → keys to turn chapters.