ဆာလံ

Old Testament

Chapter 63
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 63

1အိုဘုရား သခင်၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို ကြိုးစား၍ ရှာ ပါ၏။ ရေ မ ရှိသွေ့ခြောက် သော လွင်ပြင် ၌ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို ငတ် ပါ၏။ အကျွန်ုပ် ၏ ကိုယ်ခန္ဓါ သည်လည်း ကိုယ်တော် ကို လွမ်း ဆွတ်ပါ၏။

2ဘုန်း တန်ခိုး အာနုဘော်တော်ကို မြင် ခြင်းငှါ ၊ သန့်ရှင်း ရာဌာနတော်၌ ထို သို့ ကိုယ်တော် ကို ဖူး မျှော်ပါပြီ။

3ကရုဏာ တော်သည် အသက် ထက် သာ၍ကောင်း သောကြောင့် ၊ အကျွန်ုပ် ၏နှုတ် သည် ကိုယ်တော် ကို ချီးမွမ်း ရပါမည်။

4ထို သို့ အသက် ရှင်စဉ်တွင် ကိုယ်တော် ကို ကောင်းကြီး ပေးပါမည်။ နာမတော် ကို အမှီပြု လျက် လက် ကို ချီ ပါမည်။

5အိပ်ရာ ပေါ်မှာ ကိုယ်တော် ကို အောက်မေ့ ၍ ၊ ညဉ့်ယံ တို့၌ ကိုယ်တော် ကို ဆင်ခြင် လျက် နေသောအခါ၊ ဆီဥ ကို၎င်း၊ ဆူသောအသားကို၎င်းစား၍ ဝသကဲ့သို့၊ အကျွန်ုပ် ၏ဝိညာဉ် သည် ဝ ၍ ရွှင်လန်း သော နှုတ်ခမ်း နှင့် အကျွန်ုပ် ၏နှုတ် သည် ကိုယ်တော်ကို ချီးမွမ်း ပါမည်။

6အကျွန်ုပ် ကို မစ တော်မူသောကြောင့် ၊ အတောင် တော် အရိပ် ၌ ဝမ်းမြောက် ပါမည်။

7အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ၌ မှီဝဲ ၍ ၊ လက်ျာ လက်တော်သည် အကျွန်ုပ် ကို ထောက်မ တော်မူ၏။

8အကျွန်ုပ် အသက် ကို ဖျက်ဆီး ခြင်းငှါ ရှာ သောသူတို့ သည် မြေကြီး အောက် အရပ်သို့ ဆင်း ရကြမည်။ ထား ဘေး ဖြင့် ဆုံး ၍၊ မြေခွေး စား ရန် ဖြစ် ရကြလိမ့်မည်။

9ရှင်ဘုရင် မူကား ၊ ဘုရား သခင်၌ ဝမ်းမြောက် လိမ့်မည်။

10ဘုရား သခင်ကို တိုင်တည်၍ ကျိန်ဆို သောသူအပေါင်း တို့သည် ဝါကြွား ကြလိမ့်မည်။

11မုသာ စကားကို ပြော သောသူတို့၏နှုတ် မူကား ပိတ် လျက်ရှိလိမ့်မည်။

Tip: use the ← and → keys to turn chapters.