ဆာလံ

Old Testament

Chapter 46
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 46

1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။

2ထိုကြောင့် ပထဝီမြေကြီး သည် ရွေ့ သွား၍ တောင် များတုန်လှုပ်လျက် သမုဒ္ဒရာ သို့ ကျ သော်လည်း၊ ငါတို့သည် ကြောက်လန့် ခြင်းမ ရှိ။

3သမုဒ္ဒရာရေ သည် ဟုန်းဟုန်းမြည် ၍ မွှေနှောက် ပါ လေစေ။ လှိုင်း တံပိုးထသဖြင့် ၊ တောင် များတုန်လှုပ် ပါ လေစေ။

4မြစ် တမြစ်ရှိသေး၏။ ထို မြစ် ရေသည်စီး၍ ဘုရား သခင်၏ မြို့ တည်းဟူသောအမြင့်ဆုံး သောဘုရား ကျိန်းဝပ် တော်မူရာ သန့်ရှင်း သော မြို့တော်ကို ရွှင်လန်း စေတတ်၏။

5ထိုမြို့ သည် ဘုရား သခင်ကျိန်းဝပ် တော်မူရာ ဖြစ်၍တုန်လှုပ် ခြင်း မ ရှိရာ။ မိုဃ်းသောက် လင်းစ၌ ဘုရား သခင်ကူမ တော်မူလိမ့်မည်။

6လူမျိုး တို့သည် ဟုန်းဟုန်းမြည် ကြ၏။ တိုင်း နိုင်ငံတို့သည် လှုပ်ရှား ကြ၏။ ဗျာဒိတ် သံ ကို လွှတ် တော်မူ၍ မြေကြီး သည် အရည် ဖြစ်လေ၏။

7ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။

8ထာဝရဘုရား စီရင် ပြုပြင်၍ မြေကြီး ပေါ် မှာ သုတ်သင် ပယ်ရှင်းခြင်း အမှုတော်များကို လာ ၍ကြည့်ရှု ကြလော့။

9လေး ကိုချိုး လျက် ၊ လှံ ကိုအပိုင်းပိုင်းဖြတ် လျက်၊ ရထား ကိုမီး ရှို့ လျက် ၊ မြေကြီး စွန်း တိုင်အောင် စစ်မှု ကို ငြိမ်း စေတော်မူ၏။

10ငြိမ်ဝပ် လျက် နေကြလော့။ ငါ ကား ဘုရား သခင်ဖြစ်သည်ဟု သိ မှတ်ကြလော့။ လူမျိုး တို့တွင် ငါသည် ဘုန်းပွင့် မည်။ မြေကြီး ပေါ် မှာ ဘုန်းပွင့် မည်။

11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် ၏ ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာဖြစ်တော်မူ၏။

Tip: use the ← and → keys to turn chapters.