ဆာလံ

Old Testament

Chapter 15
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 15

1အိုထာဝရဘုရား ၊ တဲ တော်၌ အဘယ်သူ သည် တည်း ရပါမည်နည်း။ သန့်ရှင်း သောတောင် တော်ပေါ် မှာ အဘယ်သူ သည် နေ ရပါမည်နည်းဟူမူကား၊

2ဖြောင့်မတ် သောအကျင့်၊ တရား သောအမှုကို ပြု ကျင့်၍ ၊ သစ္စာ စကားကို စိတ် နှလုံးပါလျက်ပြော ထသော၊

3သူတပါး၏အသရေ ကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ ခြင်းကို ရှောင်ထ သော၊

4ဆိုးယုတ် သောသူကို အယုတ် ဟူ၍ ထင် မှတ်လျက် ၊ ထာဝရ ဘုရားအား ကြောက်ရွံ့ သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုး ပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမ ဖျက်၊

5ကိုယ် ငွေ ကို ချေး ၍ အတိုး မ ယူ၊ အပြစ် မရှိသောသူ ၏တဘက် မှ တံစိုး ကို မ ခံ ဘဲကျင့် သောသူသည် လှုပ်ရှား ခြင်းနှင့် အစဉ် အမြဲကင်းလွတ် လိမ့်မည်သတည်း။

Tip: use the ← and → keys to turn chapters.