ဆာလံ

Old Testament

Chapter 146
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 146

1အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကိုချီးမွမ်း လော့။

2ငါ သည် အသက်ရှင် စဉ်အခါ ၊ ထာဝရဘုရား ကို ချီးမွမ်း မည်။ ငါ ဖြစ်စဉ် ကာလ ပတ်လုံး၊ ငါ ၏ဘုရား သခင်ကို ထောမနာသီချင်း ဆိုမည်။

3မင်း များမှစ၍ မကယ်တင် နိုင်သော လူသား ကို မ ကိုးစား ကြနှင့်။

4သူ သည်အသက် ထွက် ၍ မြေ သို့ ပြန် သွားတတ် ၏။ ထို နေ့ခြင်းတွင်၊ သူ ၏အကြံ အစည်တို့သည် ပျက်စီး ကြ၏။

5ယာကုပ် အမျိုး၏ ဘုရား သခင်မစ တော်မူသောသူ၊ မိမိ ဘုရား သခင် ထာဝရဘုရား ကို မြော်လင့် သောသူသည် မင်္ဂလာ ရှိ၏။

6ထိုဘုရားသခင်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့်တကွ အရပ်ရပ် ၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာ တော်ကို အစဉ် အမြဲစောင့် တော်မူ၏။

7ညှဉ်းဆဲ ခြင်းကိုခံရသောသူတို့ အား တရား ပြု တော်မူ၏။ ငတ်မွတ် သောသူတို့ ကိုကျွေးမွေး တော်မူ၏။ ထာဝရဘုရား သည် ချုပ်ထား ခြင်းကို ခံရသောသူတို့ကို လွှတ် တော်မူ၏။

8ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။

9ထာဝရဘုရား သည် ဧည့်သည် တို့ကို စောင့်မ တော်မူ၍ ၊ မုတ်ဆိုးမ နှင့်မိဘ မရှိသောသူတို့ ကို ထောက်မတော်မူ၏။ မ တရားသောသူတို့၏ လမ်း ကိုကား ၊ ကွေ့ကောက် စေတော်မူ၏။

10အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကာလ အစဉ်အမြဲ ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူ လတံ့ သတည်း။ ဟာလေလုယ။

Tip: use the ← and → keys to turn chapters.