ဆာလံ

Old Testament

Chapter 112
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 112

1ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။

2ထိုသူ ၏ သား မြေးတို့သည် မြေ ပေါ် မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ် သောသူတို့ ၏အမျိုးအနွယ် သည် မင်္ဂလာ ရှိတတ်၏။

3ထိုသူ ၏ အိမ် ၌ စည်းစိမ် ဥစ္စာကြွယ်ဝ ၍ ၊ သူ ၏ ကောင်းကျိုး သည် အစဉ် အမြဲတည် တတ်၏။

4သဘောဖြောင့် သောသူတို့ အဘို့ ၊ မှောင်မိုက် ထဲ မှာ အလင်း ပေါ်ထွန်း တတ်၏။ ထိုသို့သောသူသည် ကျေးဇူး ပြုတတ်သော သဘောနှင့် သနား စုံမက်တတ် သော သဘောရှိ၍ ၊ တရား သဖြင့် ပြုတတ်၏။

5ကရုဏာ စိတ်ရှိ၍ ချေးငှါး တတ်သောသူ သည် ကောင်းစား တတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။

6အကယ် စင်စစ်လှုပ်ရှား ခြင်းနှင့်အစဉ် ကင်းလွတ် လိမ့်မည်။ ဖြောင့်မတ် သောသူသည် အစဉ် အမြဲအောက်မေ့ ဘို့ရာ ဖြစ် လိမ့်မည်။

7မ ကောင်းသော သိတင်း ကိုမ ကြောက် ရ။ စိတ် နှလုံး သည် ထာဝရဘုရား ကို ကိုးစား သဖြင့် တည်ကြည် တတ်၏။

8သူ ၏စိတ် နှလုံးသည် မြဲမြံ သည် ဖြစ်၍၊ ရန်သူ တို့ ၌ အားမ ရမှီတိုင်အောင်၊ ကြောက်ခြင်း နှင့် လွတ်လိမ့်မည်။

9သူသည် စွန့်ကြဲ ပြီ။ ဆင်းရဲ သောသူတို့ အား ပေးကမ်း ပြီ။ သူ ၏ ဖြောင့်မတ် ခြင်းသည် အစဉ် အမြဲတည် တတ်၏။ သူ ၏ဦးချို သည် ဂုဏ် အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။

10မ တရားသောသူတို့သည် မြင် ၍ ၊ နာကြင် သောစိတ် ရှိကြလိမ့်မည်။ အံသွား ခဲကြိတ်၍ ပိန်ချုံး ကြလိမ့်မည်။ မ တရားသောသူတို့၏ အလို သည် ပျက်စီး ရလိမ့်မည်။

Tip: use the ← and → keys to turn chapters.