ဆာလံ

Old Testament

Chapter 87
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 87

1ဘုံ ဗိမာန ်တော်တိုက်မြစ် သည် သန့်ရှင်း သော တောင် ရိုးပေါ် မှာ တည်လျက်ရှိ၏။

2ထာဝရဘုရား သည် ယာကုပ် ၏ နေရာ အပေါင်း တို့ထက် ဇိအုန် တံခါး တို့ကို သာ၍နှစ်သက် တော်မူ၏။

3အိုဘုရား သခင်၏ မြို့ တော်၊ သင် သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသောစကားကို ပြော ထားလျက် ရှိ၏။

4ငါ့ ကိုသိကျွမ်း သောသူတို့ တွင် ၊ ရာခပ် မြို့နှင့် ဗာဗုလုန် မြို့ကို ငါမှတ် ထားမည်။ ဖိလိတ္တိ ပြည်၊ တုရု ပြည်၊ ကုရှ ပြည်တို့ကိုလည်း ကြည့် ကြလော့။ ဤ မည်သော ပြည်သားသည် မြို့ တော်၌ ဘွားမြင် သောသူဖြစ်၏။

5ဇိအုန် မြို့ကို လည်း လူ အမျိုးမျိုးတို့သည်၊ ထိုမြို့ ၌ ဘွားမြင် ကြပြီ။ အမြင့်ဆုံး သောဘုရားသည် ထိုမြို့ ကို ကိုယ်တော်တိုင် မြဲမြံ စေတော်မူပြီဟု ပြော ဆိုကြလိမ့်မည်။

6ထာဝရဘုရား သည် လူမျိုး တို့ကို စာရင်း ယူတော်မူ သောအခါ ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။

7သီချင်း သည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်းရှိသမျှ တို့သည် သင် ၌ ရှိကြ သတည်း။

Tip: use the ← and → keys to turn chapters.