ဆာလံ

Old Testament

Chapter 108
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 108

1အိုဘုရား သခင်၊ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ သီချင်း ဆိုပါမည်။ ဝိညာဉ် ပါ လျက် ချီးမွမ်း ထောမနာပြုပါမည်။

2တယော နှင့် စောင်း တို့၊ နိုး ကြလော့။ ငါလည်း စောစော နိုး မည်။

3အို ထာဝရဘုရား ၊ ပရိတ်သတ် အလယ် ၌ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ လူမျိုး တို့တွင် ကိုယ်တော် အား ထောမနာသီချင်း ဆိုပါမည်။

4အကြောင်း မူကား၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်းတိမ် သို့ ၎င်း မှီပါ၏။

5အို ဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီးမြင့် တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုးပါစေသတည်း။

6ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည် အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင် တော်မူပါ။

7သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ၊ ဘုရား သခင် သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။

8ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကိုလည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား ငါ့ ဦးခေါင်း ၏ အစွမ်း ဖြစ်ရ ၏။ ယုဒ ပြည်ကား ငါ ၏လွှတ်တော် ဖြစ်ရ၏။

9မောဘ ပြည်ကား ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား ငါ့ ခြေနင်း ရာဖြစ်ရ၏။ ဖိလိတ္တိ ပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။

10အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ်သူ သွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ် သူလမ်း ပြ မည်နည်း။

11အိုဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူ သောကိုယ်တော်သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော် မ မူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။

12ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါမ တတ်နိုင်ကြပါ။

13ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။

Tip: use the ← and → keys to turn chapters.