ဆာလံ

Old Testament

Chapter 93
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 93

1ထာဝရဘုရား သည် စိုးစံ ၍၊ အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။ ထာဝရဘုရား သည် ထိုသို့ ဝတ်ဆင် ၍၊ ခွန်အား ကို ခါးပန်းစည်း တော်မူ၏။ သို့ ဖြစ်၍၊ လောကဓါတ် သည် မ လှုပ် မရှားနိုင်အောင် တည် လျက် ရှိ၏။

2ကိုယ်တော် ၏ ပလ္လင် သည် ရှေ့ဦးစွာ မှစ၍ တည် ပါ၏။ ကိုယ်တော် သည် ရှေးကာလမှစ၍ အစဉ် အမြဲဖြစ်တော်မူ၏။

3အို ထာဝရဘုရား ၊ မြစ် တို့သည် ထ ကြပါ၏။ မြစ် တို့သည် ဟုန်းသံ ကိုပေး ကြပါ၏။ မြစ် တို့သည် လှိုင်း တံပိုးခတ် ကြပါ၏။

4ရေ များ ဟုန်းသံ နှင့်တကွသမုဒ္ဒရာ လှိုင်း တံပိုးတို့သည်အားကြီး သည်ထက် ၊ ထာဝရဘုရား သည် မြင့် သော အရပ်၌ သာ၍တန်ခိုး ကြီးတော်မူ၏။

5သက်သေ ခံတော်မူချက်တို့သည် အလွန် မြဲမြံ ကြပါ ၏။ အိုထာဝရဘုရား ၊ သန့်ရှင်း ခြင်းပါရမီသည် အစဉ် အမြဲ အိမ် တော်၏အသရေ ဖြစ်ပါသတည်း။

Tip: use the ← and → keys to turn chapters.