ဆာလံ 132
1အိုထာဝရဘုရား ၊ ဒါဝိဒ် မင်းကို ၎င်း၊ သူ ခံရ သမျှ သော ဆင်းရဲခြင်းကို၎င်းအောက်မေ့ တော်မူပါ။
2-
3-
4-
5ထိုမင်းက၊ ယာကုပ် အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ် တော်မူရာအရပ် ကို အကျွန်ုပ် သည် မ တွေ့ မှီတိုင်အောင် ကိုယ် နေရာ အိမ် သို့ မ ဝင် ၊ ကိုယ် အိပ်ရာ ပေါ် သို့မ တက် ၊ ကိုယ် မျက်စိ အိပ် ရ မည့်အခွင့် ၊ မျက်ခမ်း မှိတ် ရမည့်အခွင့်ကို မ ပေးပါဟု၊ ယာကုပ် အမျိုး ကိုးကွယ်သော တန်ခိုး ရှင်ထာဝရဘုရား ထံ ကျိန်ဆို ၍ အဓိဋ္ဌာန် ပြု၏။
6တဲတော်သည် ဧဖရိမ် ပြည်မှာ ရှိကြောင်းကို ငါတို့သည်ကြား ရပြီ။ ယာရိမ် တော ၌ တွေ့ ကြပြီ။
7ဘုံ ဗိမာန်တော်သို့ ဝင် ၍၊ ခြေ တော်တင်ရာ ခုံ အောက် ၌ ပြပ်ဝပ် ကိုးကွယ်ကြကုန်အံ့။
8အို ထာဝရဘုရား ၊ ကျိန်းဝပ် တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။
9ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်း တန်ဆာ ကိုဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။
10ကိုယ်တော် ၏ ကျွန် ဒါဝိဒ် မင်း၏ မျက်နှာ ကို ထောက် သဖြင့် ၊ ကိုယ်တော် ထံ၌ ဘိသိက်ခံ သောသူကို ငြင်းပယ် တော်မ မူပါနှင့်။
11ထာဝရဘုရား သည် ဒါဝိဒ် အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာ ဖျက်တော်မ မူသော စကားဟူမူကား၊ သင် ၏အမျိုးအနွယ် ကို သင် ၏ ပလ္လင် ပေါ် မှာ ငါတင် မည်။
12သင် ၏သား တို့သည် ငါ့ ပဋိညာဉ် တရားကို၎င်း၊ ငါသွန်သင် သော သက်သေခံ ချက်ကို၎င်းစောင့်ရှောက် လျှင် ၊ သူ တို့၏သား များသည်လည်း သင် ၏ ပလ္လင် ပေါ် မှာ အစဉ် အမြဲထိုင် ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ။
13ထာဝရဘုရား သည် ဇိအုန် မြို့ကို ရွေးကောက် ၍ ၊ အမြဲနေ တော်မူရာဘို့ အလို တော်ရှိသည်အရာမှာ၊
14ဤ မြို့ကား ငါ အစဉ် အမြဲ ကျိန်းဝပ် ရာမြို့တည်း။ ငါအလိုရှိ သည် ဖြစ်၍ ၊ ဤ မြို့၌ငါနေ မည်။
15သူ ၏ အစာ အာဟာရကို အထူးသဖြင့်ကောင်းကြီး ပေးမည်။ သူ ၌ဆင်းရဲသား တို့ကို ဝ စွာကျွေးမည်။
16သူ ၏ ယဇ် ပုရောဟိတ်တို့ကို ကယ်တင် ခြင်း တန်ဆာ ကို ဆင်စေသဖြင့် ၊ သူ ၌သန့်ရှင်း သူတို့သည် ရွှင်လန်း သော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
17ထို မြို့၌ ဒါဝိဒ် ၏ ဦးချို ကို ငါပေါက် စေမည်။ ငါ့ ထံ ၌ ဘိသိက် ခံ သောသူဘို့ မီးခွက် ကို ငါပြင်ဆင် ပြီ။
18ထိုအရှင် ၏ ရန်သူ များကို ရှက်ကြောက် ခြင်းနှင့် ငါဖုံးလွှမ်း မည်။ သူ ၏ဦးရစ် သရဖူသည် ဘုန်းပွင့် လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
Tip: use the ← and → keys to turn chapters.