ဆာလံ

Old Testament

Chapter 48
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 48

1ထာဝရဘုရား သည် ကြီးမြတ် တော်မူ၏။ သန့်ရှင်း သော တောင် တော်ပေါ်မှာ ငါ တို့ဘုရား သခင်၏ မြို့ တော် တွင် အထူး သဖြင့်ထောမနာချီးမွမ်း ခြင်းကိုခံ ထိုက် တော်မူ၏။

2မြေကြီး တပြင်လုံး ရွှင်လန်း ရာ ဇိအုန် တောင်ထိပ် သည် အဆင်း လှ ပေ၏။ မြောက် မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့ တော်သည် တည်၏။

3ထိုမြို့ ၏ ဘုံ ဗိမာန်တို့တွင် ဘုရား သခင်၌ ခိုလှုံ ရသည်ကို သိ ရ၏။

4ရှင် ဘုရင်တို့သည် စည်းဝေး ၍ အတူ ရှောက်သွား ကြ၏။

5မြင် သောအခါ မှိုင်တွေ ၍ ထိတ်လန့် လျက် ပြေး ကြ၏။

6ထို အရပ်၌ သူ တို့သည် ကြောက်လန့် ခြင်းသို့ ရောက် ၍ သားဘွား သောမိန်းမခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။

7တာရှု သင်္ဘော တို့ကို ချိုးဖျက် သော အရှေ့ လေ နှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။

8ငါတို့သည် ကြား ဘူးသည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏မြို့ ၊ ငါ တို့ဘုရား သခင်၏ မြို့ တော်၌ တွေ့မြင် ရကြ၏။ ဘုရား သခင်သည် မြို့ တော် ကို အစဉ် အမြဲတည် စေတော်မူမည်။

9အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ဗိမာန် တော် ထဲမှာ ကရုဏာ တော်ကို အောက်မေ့ ကြပါ၏။

10အိုဘုရား သခင်၊ နာမ တော်သည် မြေကြီး စွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ ၊ ဂုဏ် အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာ လက်တော်သည် ဖြောင့်မတ် ခြင်းတရားနှင့် ပြည့်ဝ လျက်ရှိပါ၏။

11တရား စီရင်တော်မူချက်များကြောင့် ဇိအုန် တောင် သည် ဝမ်းမြောက် ၍၊ ယုဒ အမျိုးသမီး တို့သည် ရွှင်လန်း ကြပါ၏။

12သား မြေးတို့အား ကြား ပြောမည်အကြောင်း ဇိအုန် မြို့ကိုပတ် ပတ်လည်၍ ပြအိုး တို့ကို ရေတွက် ကြလော့။

13ရင် တားတို့ကို မှတ် ၍ဘုံ ဗိမာန်များကိုလည်း ဆင်ခြင် ကြလော့။

14အကြောင်း မူကား၊ ထို ဘုရား သခင်သည် ကာလ အစဉ်အမြဲငါ တို့၏ဘုရား ဖြစ်တော်မူ၏။ သေ သည် ကာလတိုင်အောင် ငါ တို့ကို ပို့ဆောင် တော်မူလတံ့ သတည်း။

Tip: use the ← and → keys to turn chapters.