ဆာလံ

Old Testament

Chapter 13
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 13

1အိုထာဝရဘုရား ၊ အကျွန်ုပ် ကို အလျှင်းမမှတ်ဘဲ အဘယ် မျှ ကာလ ပတ်လုံးမေ့လျော့ တော်မူမည်နည်း။ အဘယ် မျှကာလ ပတ်လုံးမျက်နှာ တော်ကို ကွယ် ထား တော်မူမည်နည်း။

2အကျွန်ုပ် သည် အစဉ် ဝမ်းနည်း လျက် ၊ အဘယ် မျှ ကာလ ပတ်လုံး တွေးတော သောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ် ၏ ရန်သူ သည် အဘယ် မျှ ကာလ ပတ်လုံး အကျွန်ုပ် ကို အုပ်စိုး ရပါမည်နည်း။

3အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် စကားကို မျက်နှာ ပြု၍ နားထောင် တော်မူပါ။ အကျွန်ုပ် မျက်စိ ကို လင်း စေတော်မူပါ။ သို့မဟုတ် လျှင် အသေ အိပ် ပျော်ခြင်းသို့ ရောက်ရပါမည်။

4အကျွန်ုပ် ၏ရန်သူ က၊ ငါနိုင် ပြီဟုဆို ၍၊ အကျွန်ုပ် ကို နှောင့်ရှက် သောသူ တို့ သည် အကျွန်ုပ်လှုပ်ရှား သည် ကို ဝမ်းမြောက် ကြပါလိမ့်မည်။

5အကျွန်ုပ် သည် ကရုဏာ တော်ကို ယုံကြည် ပါ၏။ ကယ်တင် တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်း ပါလိမ့်မည်။

6အကျွန်ုပ် ၌ ကျေးဇူး ပြုတော်မူသောကြောင့် ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။

Tip: use the ← and → keys to turn chapters.