ဆာလံ

Old Testament

Chapter 13
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

ဆာလံ 13

Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1အိုထာဝရဘုရား ၊ အကျွန်ုပ် ကို အလျှင်းမမှတ်ဘဲ အဘယ် မျှ ကာလ ပတ်လုံးမေ့လျော့ တော်မူမည်နည်း။ အဘယ် မျှကာလ ပတ်လုံးမျက်နှာ တော်ကို ကွယ် ထား တော်မူမည်နည်း။
1耶和华啊,你忘记我要到几时呢?要到永远吗? 你掩面不顾我要到几时呢?
2အကျွန်ုပ် သည် အစဉ် ဝမ်းနည်း လျက် ၊ အဘယ် မျှ ကာလ ပတ်လုံး တွေးတော သောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ် ၏ ရန်သူ သည် အဘယ် မျှ ကာလ ပတ်လုံး အကျွန်ုပ် ကို အုပ်စိုး ရပါမည်နည်း။
2我心里筹算,终日愁苦,要到几时呢? 我的仇敌升高压制我,要到几时呢?
3အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် စကားကို မျက်နှာ ပြု၍ နားထောင် တော်မူပါ။ အကျွန်ုပ် မျက်စိ ကို လင်း စေတော်မူပါ။ သို့မဟုတ် လျှင် အသေ အိပ် ပျော်ခြင်းသို့ ရောက်ရပါမည်။
3耶和华—我的 神啊,求你看顾我,应允我! 使我眼目光明,免得我沉睡至死;
4အကျွန်ုပ် ၏ရန်သူ က၊ ငါနိုင် ပြီဟုဆို ၍၊ အကျွန်ုပ် ကို နှောင့်ရှက် သောသူ တို့ သည် အကျွန်ုပ်လှုပ်ရှား သည် ကို ဝမ်းမြောက် ကြပါလိမ့်မည်။
4免得我的仇敌说:我胜了他; 免得我的敌人在我摇动的时候喜乐。
5အကျွန်ုပ် သည် ကရုဏာ တော်ကို ယုံကြည် ပါ၏။ ကယ်တင် တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်း ပါလိမ့်မည်။
5但我倚靠你的慈爱; 我的心因你的救恩快乐。
6အကျွန်ုပ် ၌ ကျေးဇူး ပြုတော်မူသောကြောင့် ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။
6我要向耶和华歌唱, 因他用厚恩待我。

Tip: use the ← and → keys to turn chapters.