ရှင်မဿဲ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1အာဗြဟံ နှင့် ဒါဝိဒ် တို့မှ ဆင်းသက် တော်မူသောယေရှု ခရစ် ၏ဆွေ တော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
1亚伯拉罕 的后裔, 大卫 的子孙,耶稣基督的家谱:
2အာဗြဟံ သား ဣဇာက် ။ ဣဇာက် သား ယာကုပ် ။ ယာကုပ် သား ယုဒ မှစ၍ ညီနောင် တစ်စု။
2亚伯拉罕 生 以撒 ; 以撒 生 雅各 ; 雅各 生 犹大 和他的弟兄;
3ယုဒ သည် မိမိခင်ပွန်းတာမာ တွင် မြင် သောသားဖာရက် နှင့် ဇာရ ။ ဖာရက် သား ဟေဇရုံ ။ ဟေဇရုံ သား အာရံ ။
3犹大 从 她玛 氏生 法勒斯 和 谢拉 ; 法勒斯 生 希斯 ; 希斯 生 亚兰 ;
4အာရံ သား အမိနဒပ် ။ အမိနဒပ် သား နာရှုန် ။ နာရှုန် သား စာလမုန် ။
4亚兰 生 亚米拿达 ; 亚米拿达 生 拿顺 ; 拿顺 生 撒门 ;
5စာလမုန် သည် မိမိခင်ပွန်းရာခပ် တွင် မြင် သော သားဗောဇ ။ ဗောဇ သည် မိမိခင်ပွန်းရုသ တွင် မြင် သော သားဩဗက် ။ ဩဗက် သား ယေရှဲ ။ ယေရှဲ သား ဒါဝိဒ် မင်းကြီး တည်း။
5撒门 从 喇合 氏生 波阿斯 ; 波阿斯 从 路得 氏生 俄备得 ; 俄备得 生 耶西 ;
6ဒါဝိဒ် မင်းကြီးသည် ဥရိယ ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမ တွင် မြင် သောသားရှောလမုန် ။
6耶西 生 大卫 王。 大卫 从 乌利亚 的妻子生 所罗门 ;
7ရှောလမုန် သား ရောဗောင် ။ ရောဗောင် သား အဘိယ ။ အဘိယ သား အာသ ။
7所罗门 生 罗波安 ; 罗波安 生 亚比雅 ; 亚比雅 生 亚撒 ;
8အာသ သား ယောရှဖတ် ။ ယောရှဖတ် သား ယဟောရံ ။ ယဟောရံ သား ဩဇိ ။
8亚撒 生 约沙法 ; 约沙法 生 约兰 ; 约兰 生 乌西雅 ;
9ဩဇိ သား ယောသံ ။ ယောသံ သား အာခတ် ။ အာခတ် သား ဟေဇကိ ။
9乌西雅 生 约坦 ; 约坦 生 亚哈斯 ; 亚哈斯 生 希西家 ;
10ဟေဇကိ သား မနာရှေ ။ မနာရှေ သား အာမုန် ။ အာမုန် သား ယောရှိ ။
10希西家 生 玛拿西 ; 玛拿西 生 亚们 ; 亚们 生 约西亚 ;
11ယောရှိ သား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း ခါနီးတွင် မြင်သောသား ယေခေါနိ မှစ၍ ညီနောင် တစ်စုတည်း။
11百姓被迁到 巴比伦 的时候, 约西亚 生 耶哥尼雅 和他的弟兄。
12ဗာဗုလုန် မြို့သို့ နေရာပြောင်း သည့်နောက် ၊ ယေခေါနိ သား ရှာလသေလ ။ ရှာလသေလ သား ဇေရုဗဗေလ ။
12迁到 巴比伦 之后, 耶哥尼雅 生 撒拉铁 ; 撒拉铁 生 所罗巴伯 ;
13ဇေရုဗဗေလ သား အဗျုဒ် ။ အဗျုဒ် သား ဧလျာကိမ် ။ ဧလျာကိမ် သား အာဇော် ။
13所罗巴伯 生 亚比玉 ; 亚比玉 生 以利亚敬 ; 以利亚敬 生 亚所 ;
14အာဇော် သား ဇာဒုတ် ။ ဇာဒုတ် သား အာခိမ် ။ အာခိမ် သား ဧလုဒ် ။
14亚所 生 撒督 ; 撒督 生 亚金 ; 亚金 生 以律 ;
15ဧလုဒ် သား ဧလာဇာ ။ ဧလာဇာ သား မဿန် ။ မဿန် သား ယာကုပ် ။
15以律 生 以利亚撒 ; 以利亚撒 生 马但 ; 马但 生 雅各 ;
16ယာကုပ် မြင် သောသားကား ၊ မာရိ ၏ ခင်ပွန်း ယောသပ် တည်း။ ထိုမာရိသည် ခရစ် ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော် ဖြစ်၏။
16雅各 生 约瑟 ,就是 马利亚 的丈夫。那称为基督的耶稣是从 马利亚 生的。
17ဤသို့ လျှင်၊ မျိုးစဉ် နွယ်ဆက်ပေါင်း ကား၊ အာဗြဟံ မှ သည် ဒါဝိဒ် တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဒါဝိဒ် မှ သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း သည်တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဗာဗုလုန် မြို့သို့ ပြောင်း ပြီးမှသည် ခရစ်တော် တိုင်အောင် တစ်ဆယ်လေး ဆက် ဖြစ်သတည်း။
17这样,从 亚伯拉罕 到 大卫 共有十四代;从 大卫 到迁至 巴比伦 的时候也有十四代;从迁至 巴比伦 的时候到基督又有十四代。
18ယေရှု ခရစ် သည် ဘွားမြင် ခြင်းကို ခံ တော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော် မာရိ သည် ယောသပ် နှင့် ထိမ်းမြား ဆောင်နှင်း၍ မ ရှက်တင် မှီတွင် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ပဋိသန္ဓေ စွဲနေ၏။
18耶稣基督降生的事记在下面:他母亲 马利亚 已经许配了 约瑟 ,还没有迎娶, 马利亚 就从圣灵怀了孕。
19သူ ၏ခင်ပွန်း ယောသပ် သည် သူတော်ကောင်း ဖြစ် ၍ ၊ မာရိ အသရေ ကို မ ပျက်စေချင် သောကြောင့် တိတ်ဆိတ် စွာစွန့်ပယ် မည်ဟု အကြံရှိ ၏။
19她丈夫 约瑟 是个义人,不愿意明明地羞辱她,想要暗暗地把她休了。
20ထိုသို့ ကြံစည် ၍နေစဉ်တွင် အိပ်မက် ကိုမြင်ရသည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ ဒါဝိဒ် အမျိုး ယောသပ် ၊ သင် ၏ခင်ပွန်း မာရိ ကို ထိန်းသိမ်း ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ဖြစ် ၏။
20正思念这事的时候,有主的使者向他梦中显现, 说 :「 大卫 的子孙 约瑟 ,不要怕!只管娶过你的妻子 马利亚 来,因她所怀的孕是从圣灵来的。
21သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။
21她将要生一个儿子,你要给他起名叫耶稣,因他要将自己的百姓从罪恶里救出来。」
22ထိုအကြောင်း အရာမူကား ၊ ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထားတော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်း တည်း ။
22这一切的事成就是要应验主借先知所说的话,
23ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ ၍ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။
23说: 必有童女怀孕生子; 人要称他的名为 以马内利 。 ( 以马内利 翻出来就是「 神与我们同在」。)
24ယောသပ် သည် အိပ်ပျော် ရာမှ နိုး လျှင် ထာဝရ ဘုရား၏ကောင်းကင်တမန် မှာထား သည့်အတိုင်း ပြု ၍ မိမိ ခင်ပွန်း ကို ထိန်းသိမ်း လေ၏။
24约瑟 醒了,起来,就遵着主使者的吩咐把妻子娶过来;
25သို့သော်လည်း ၊ သား ဦးကို မ ဘွား မှီတိုင်အောင် သံဝါသ မ ပြုဘဲနေ၏။ ထိုသား ကိုလည်း ယေရှု ဟူသောအမည် ဖြင့် မှည့် လေ၏။
25只是没有和她同房,等她生了儿子,就给他起名叫耶稣。
Tip: use the ← and → keys to turn chapters.