မာလခိ 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန ကြီးသောသူနှင့် ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ တို့အရင်း အဖျား မျှ မ ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
1万军之耶和华说:「那日临近,势如烧着的火炉,凡狂傲的和行恶的必如碎秸,在那日必被烧尽,根本枝条一无存留。
2ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။
2但向你们敬畏我名的人必有公义的日头出现,其光线有医治之能。你们必出来跳跃如圈里的肥犊。
3မ တရားသောသူတို့ ကိုလည်း နင်း ကြလိမ့်မည်။ ထိုသို့ငါ စီရင် သော နေ့ ရက်၌ သူတို့သည် သင် တို့ခြေ ဘဝါး အောက် ၌ မြေမှုန့် ကဲ့သို့ဖြစ် ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
3你们必践踏恶人;在我所定的日子,他们必如灰尘在你们脚掌之下。这是万军之耶和华说的。
4ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ဟောရပ် အရပ်၌ ငါမှာ ထားသော ၊ ငါ့ ကျွန် မောရှေ ၏ တရား တည်းဟူသောစီရင် ထုံးဖွဲ့ တော်မူချက်တို့ကို အောက်မေ့ ကြလော့။
4「你们当记念我仆人 摩西 的律法,就是我在 何烈 山 为 以色列 众人所吩咐他的律例典章。
5ကြည့်ရှု လော့။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ ရက်ကြီး မ ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့ ငါ စေလွှတ် မည်။
5「看哪,耶和华大而可畏之日未到以前,我必差遣先知 以利亚 到你们那里去。
6ငါသည် လာ ၍ သင်တို့၏ပြည် ကို ကျိန် ခြင်းဘေး နှင့် ဒဏ် မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သား တို့နှင့် အဘ တို့ကို၎င်း၊ အဘ တို့နှင့် သား တို့ကို၎င်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။
6他必使父亲的心转向儿女,儿女的心转向父亲,免得我来咒诅遍地。」
Tip: use the ← and → keys to turn chapters.