ဟေဗြဲ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1ရှေး လွန်လေပြီး သောအခါ ပရောဖက် များအားဖြင့် ဘိုးဘေး တို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင် သည်၊ ဤ နောက်ဆုံး ကာလ အခါ မိမိသား တော်အားဖြင့် ငါ တို့အား ဗျာဒိတ် ပေးတော်မူပြီ
1神既在古时借着众先知多次多方地晓谕列祖,
2ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏
2就在这末世借着他儿子晓谕我们;又早已立他为承受万有的,也曾借着他创造诸世界。
3ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ၌ ထိုင် တော်မူ၏
3他是 神荣耀所发的光辉,是 神本体的真像,常用他权能的命令托住万有。他洗净了人的罪,就坐在高天至大者的右边。
4ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ် သော ဘွဲ့နာမ တော်ကို ခံရ သည်နှင့်အညီ၊ ကောင်းကင်တမန် တို့ထက် ကြီးမြတ် သော သူဖြစ် တော်မူ၏
4他所承受的名,既比天使的名更尊贵,就远超过天使。
5အကြောင်းမူကား ၊ သင် သည်ငါ့ သား ဖြစ် ၏။ ယနေ့ ပင်သင့် ကို ငါ ဖြစ်ဘွား စေပြီဟူ၍၎င်း၊ ငါ သည်သူ ၏ အဘ ဖြစ် မည်၊ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်ဟူ၍၎င်း၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူသနည်း
5所有的天使, 神从来对哪一个说: 你是我的儿子, 我今日生你? 又指着哪一个说: 我要作他的父, 他要作我的子?
6တနည်း ကား၊ သားဦး ကို ဤလောက သို့ သွင်း တော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူ ကို ပြပ်ဝပ် ကိုးကွယ်ကြစေဟု လာ သတည်း
6再者, 神使长子到世上来的时候,就说: 神的使者都要拜他。
7တနည်း ကား၊ မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း ၊ မိမိ အစေအပါး တို့ကို မီးလျှံ ကဲ့သို့၎င်း၊ ဖြစ် စေတော်မူထ သောဟု ကောင်းကင်တမန် တို့ကို ရည်ဆောင်၍ ဆို သတည်း
7论到使者,又说: 神以风为使者, 以火焰为仆役;
8သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏
8论到子却说: 神啊,你的宝座是永永远远的; 你的国权是正直的。
9ကိုယ်တော်သည် ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍၊ မတရား သောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင် သည် ကိုယ်တော် ၏ အပေါင်းအဖော် တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက် ခြင်းဆီ နှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း
9你喜爱公义,恨恶罪恶; 所以 神,就是你的 神,用喜乐油膏你, 胜过膏你的同伴;
10တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်း ကောင်းကင်သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ် ပါ၏
10又说:主啊,你起初立了地的根基; 天也是你手所造的。
11ထိုအရာ တို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကို လိပ် သကဲ့သို့ လိပ် တော်မူသဖြင့်ပြောင်းလဲ ခြင်းရှိကြသော်လည်း
11天地都要灭没,你却要长存。 天地都要像衣服渐渐旧了;
12ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါဟု လာသတည်း
12你要将天地卷起来,像一件外衣, 天地就都改变了。 惟有你永不改变; 你的年数没有穷尽。
13ထိုမှတစ်ပါး၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာ ငါချ မ ထားမှီတိုင်အောင်ငါ့ လက်ျာဘက် ၌ ထိုင် နေ လော့ဟု၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူဘူးသနည်း
13所有的天使, 神从来对哪一个说: 你坐在我的右边, 等我使你仇敌作你的脚凳?
14ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။
14天使岂不都是服役的灵、奉差遣为那将要承受救恩的人效力吗?
Tip: use the ← and → keys to turn chapters.