ဆာလံ

Old Testament

Chapter 25
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

ဆာလံ 25

Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် တသ လျက်နေပါ၏။
1耶和华啊,我的心仰望你。
2အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ သည်ဖြစ်၍၊ ရှက်ကြောက် ခြင်းသို့ မ ရောက်ပါစေနှင့်။ အကျွန်ုပ် ၏ ရန်သူ တို့သည် အကျွန်ုပ် ကို အောင် ၍ အောင် ပွဲကိုမ ခံပါစေနှင့်။
2我的 神啊,我素来倚靠你; 求你不要叫我羞愧, 不要叫我的仇敌向我夸胜。
3အကယ် စင်စစ်ကိုယ်တော် ကို မြော်လင့် သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ မ ရောက်ရကြပါ။ အကြောင်း မရှိဘဲ သစ္စာ ကိုဖျက်သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
3凡等候你的必不羞愧; 惟有那无故行奸诈的必要羞愧。
4အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း တို့ကို အကျွန်ုပ် အား ပြညွှန် ၍၊ ခရီး တော်တို့ကို သွန်သင် တော်မူ ပါ။
4耶和华啊,求你将你的道指示我, 将你的路教训我!
5ကိုယ်တော် ၏ သမ္မာ တရားကို ပြ ၍ ၊ အကျွန်ုပ် ကို သွန်သင် တော်မူပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကယ်တင် သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို အစဉ် မြော်လင့် လျက် နေပါ၏။
5求你以你的真理引导我,教训我, 因为你是救我的 神。 我终日等候你。
6အိုထာဝရဘုရား ၊ ရှေး ကာလမှစ၍ ၊ ပြတော်မူသောကရုဏာ နှင့် မေတ္တာ သဘောကို အောက်မေ့ တော်မူ ပါ။
6耶和华啊,求你记念你的怜悯和慈爱, 因为这是亘古以来所常有的。
7အကျွန်ုပ် သည် အသက်အရွယ်ငယ် စဉ်၊ ပြစ်မှား မိသောအပြစ် တို့ကို အောက်မေ့ တော်မ မူပါနှင့်။ ကောင်းမြတ် တော်မူသည်ဖြစ်၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါထာဝရဘုရား။
7求你不要记念我幼年的罪愆和我的过犯; 耶和华啊,求你因你的恩惠,按你的慈爱记念我。
8ထာဝရဘုရား သည် ကောင်း သောသဘော၊ ဖြောင့်မတ် သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ် ရှိသောသူတို့ကို လမ်း ပြ တော်မူ၏။
8耶和华是良善正直的, 所以他必指示罪人走 正 路。
9နှိမ့်ချ လျက်ရှိသောသူတို့ ကို တရား လမ်း၌ သွေးဆောင် တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့အား ခရီး တော်တို့ကို သွန်သင် တော်မူ၏။
9他必按公平引领谦卑人, 将他的道教训他们。
10ထာဝရဘုရား ၏ လမ်း ခရီးရှိသမျှ တို့သည် ပဋိညာဉ် တရားတော်နှင့် သက်သေ ခံတော်မူချက်တို့ကို စောင့်ရှောက် သောသူတို့ အား ကရုဏာ နှင့် သစ္စာ ဖြစ်ကြ သတည်း။
10凡遵守他的约和他法度的人, 耶和华都以慈爱诚实待他。
11အိုထာဝရဘုရား ၊ အကျွန်ုပ် အပြစ် များ လှသောကြောင့် နာမတော် ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
11耶和华啊,求你因你的名赦免我的罪, 因为我的罪重大。
12အကြင်သူ သည်ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ထိုသူ အား နှစ်သက် ဘွယ်သောလမ်း ကို ပြ ညွှန် တော်မူမည်။
12谁敬畏耶和华, 耶和华必指示他当选择的道路。
13ထိုသူ သည် ကိုယ်တိုင် ကောင်းမွန် စွာ ကျိန်းဝပ် ၍ ၊ သူ ၏အမျိုး အနွယ်သည်လည်း ပြည် တော်ကို အမွေ ခံရလိမ့်မည်။
13他必安然居住; 他的后裔必承受地土。
14ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။
14耶和华与敬畏他的人亲密; 他必将自己的约指示他们。
15အကျွန်ုပ် သည် ထာဝရဘုရား ကို အစဉ် မြော်လင့် လျက် နေပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် ၏ခြေ ကို ကျော့ကွင်း ထဲ က နှုတ် ယူတော်မူမည်။
15我的眼目时常仰望耶和华, 因为他必将我的脚从网里拉出来。
16အကျွန်ုပ် သည် တ ယောက်တည်းကျန်ကြွင်း၍ နှိမ့်ချ ခြင်းကို ခံရသောကြောင့် ၊ အကျွန်ုပ် ကို မျက်နှာ ပြု၍ ကယ် မသနားတော်မူပါ။
16求你转向我,怜恤我, 因为我是孤独困苦。
17အကျွန်ုပ် စိတ် နှလုံးဆင်းရဲ သည်ကို ချမ်းသာ ပေး၍၊ အမှု များထဲက ကယ်နှုတ် တော်မူပါ။
17我心里的愁苦甚多, 求你救我脱离我的祸患。
18အကျွန်ုပ် နှိမ့်ချ ခြင်းနှင့် ပူပန် ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူပါ။
18求你看顾我的困苦,我的艰难, 赦免我一切的罪。
19အကျွန်ုပ် ၏ ရန်သူ တို့သည် များပြား ကြောင်း နှင့် အကျွန်ုပ် ကို ပြင်းစွာ မုန်း ထားကြောင်းကို ဆင်ခြင် တော်မူ ပါ။
19求你察看我的仇敌, 因为他们人多,并且痛痛地恨我。
20အကျွန်ုပ် အသက် ကိုစောင့်ရှောက် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ခိုလှုံ ပါသည်ဖြစ်၍ ၊ ရှက်ကြောက် ခြင်းသို့ မ ရောက်ပါစေနှင့်။
20求你保护我的性命,搭救我, 使我不致羞愧,因为我投靠你。
21ကိုယ်တော် ကိုမြော်လင့် လျက် နေပါသည်ဖြစ်၍ ၊ အပြစ် ကင်းခြင်းနှင့် သဘော ဖြောင့်ခြင်းသည် အကျွန်ုပ် ကို စောင့်ရှောက် ပါစေသော။
21愿纯全、正直保守我, 因为我等候你。
22အိုဘုရား သခင်၊ ဣသရေလ အမျိုးကို ခပ်သိမ်း သော ဒုက္ခ အထဲ က ရွေးနှုတ် တော်မူပါ။
22神啊,求你救赎 以色列 脱离他一切的愁苦。

Tip: use the ← and → keys to turn chapters.