ဆာလံ

Old Testament

Chapter 120
Judson Burmese Bible (18…
vs Smith–Van Dyck Ara…
Aa
Text size
Line width
Verse numbers

ဆာလံ 120

Judson Burmese Bible (1840)
Smith–Van Dyck Arabic Bible (فان دايك)
1အကျွန်ုပ် သည် ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
1إِلَى ٱلرَّبِّ فِي ضِيْقِي صَرَخْتُ فَٱسْتَجَابَ لِي.
2အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို သစ္စာ မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။
2يَارَبُّ، نَجِّ نَفْسِي مِنْ شِفَاهِ ٱلْكَذِبِ، مِنْ لِسَانِ غِشٍّ.
3အိုလှည့်စား တတ်သောလျှာ ၊ သင် သည်အဘယ် ကျေးဇူး ရှိ သနည်း။ အဘယ် အကျိုး ကိုခံရသနည်း။
3مَاذَا يُعْطِيكَ وَمَاذَا يَزِيدُ لَكَ لِسَانُ ٱلْغِشِّ؟
4အားကြီး သောသူ ၏ ထက် သောမြှား ကဲ့သို့ ၎င်း၊ ရသမ် သစ်သားမီးခဲ ကဲ့သို့၎င်း ဖြစ်၏။
4سِهَامَ جَبَّارٍ مَسْنُونَةً مَعَ جَمْرِ ٱلرَّتَمِ.
5ငါသည် မေရှက် ပြည်၌ တည်းခို ၍ ၊ ကေဒါ တဲ ၌ နေရ သည် အရာမှာ အ မင်္ဂလာရှိ၏။
5وَيْلِي لِغُرْبَتِي فِي مَاشِكَ، لِسَكَنِي فِي خِيَامِ قِيدَارَ!
6ငြိမ်သက် ခြင်းကို မုန်း သောသူတို့ နှင့်အတူ ၊ ငါ့ ဝိညာဉ် သည် ကြာမြင့် စွာနေ ရပါသည်တကား။
6طَالَ عَلَى نَفْسِي سَكَنُهَا مَعَ مُبْغِضِ ٱلسَّلَامِ.
7ငါ သည် ငြိမ်သက် ခြင်းဘက်မှာနေ၏။ ငါပြော လျှင် မူကား ၊ သူ တို့သည် စစ်တိုက် ခြင်းငှါ အလိုရှိကြ၏။
7أَنَا سَلَامٌ، وَحِينَمَا أَتَكَلَّمُ فَهُمْ لِلْحَرْبِ.

Tip: use the ← and → keys to turn chapters.