ဆာလံ

Old Testament

Chapter 95
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ဆာလံ 95

Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
1လာကြ။ ထာဝရဘုရား အား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါ တို့သည် ကယ်တင် ခြင်းသို့ရောက် ရာ ကျောက် ကို ကျူးဧ ကြကုန်အံ့။
1לְ֭כוּ נְרַנְּנָ֣ה לַיהוָ֑ה נָ֝רִ֗יעָה לְצ֣וּר יִשְׁעֵֽנוּ׃
2ကျေးဇူး တော်ကို ချီးမွမ်းလျက် ရှေ့ တော်သို့ ဝင် ၍၊ ဆာလံသီချင်း ဆိုလျက် ကျူးဧ သောအသံကို ပြုကြကုန် အံ့။
2נְקַדְּמָ֣ה פָנָ֣יו בְּתוֹדָ֑ה בִּ֝זְמִר֗וֹת נָרִ֥יעַֽ לֽוֹ׃
3ထာဝရဘုရား သည် ကြီးမြတ် သောဘုရား ၊ ဘုရား တကာ တို့ထက် ကြီးမြတ် သော ဘုရင် ဖြစ်တော်မူ၏။
3כִּ֤י אֵ֣ל גָּד֣וֹל יְהוָ֑ה וּמֶ֥לֶךְ גָּ֝ד֗וֹל עַל־כָּל־אֱלֹהִֽים׃
4မြေကြီး နက်နဲ ရာ အရပ်တို့သည် လက် တော် ၌ ရှိကြ၏။ တောင် ထိပ် တို့ကိုလည်း ပိုင်တော်မူ၏။
4אֲשֶׁ֣ר בְּ֭יָדוֹ מֶחְקְרֵי־אָ֑רֶץ וְתוֹעֲפ֖וֹת הָרִ֣ים לֽוֹ׃
5ပင်လယ် ကိုလည်း ဖန်ဆင်း ၍ ပိုင်တော်မူ၏။ ကုန်း ကိုလည်း လက် တော်နှင့် ပြုပြင် တော်မူ၏။
5אֲשֶׁר־ל֣וֹ הַ֭יָּם וְה֣וּא עָשָׂ֑הוּ וְ֝יַבֶּ֗שֶׁת יָדָ֥יו יָצָֽרוּ׃
6လာကြ။ ပြပ်ဝပ် ၍ ကိုးကွယ် ကြကုန်အံ့။ ငါ တို့ကို ဖန်ဆင်း တော်မူသောထာဝရ ဘုရား၏ ရှေ့ တော်၌ ဒူးထောက် ကြကုန်အံ့။
6בֹּ֭אוּ נִשְׁתַּחֲוֶ֣ה וְנִכְרָ֑עָה נִ֝בְרְכָ֗ה לִֽפְנֵי־יְהוָ֥ה עֹשֵֽׂנוּ׃
7ထာဝရ ဘုရားသည် ငါ တို့၏ ဘုရား ဖြစ်တော်မူ ၏။ ငါ တို့သည်လည်း ၊ အထံ တော်၌ ကျက်စား သောသူ ၊ လက် တော်အောက်၌ နေသောသိုးစု ဖြစ်ကြ၏။
7כִּ֘י ה֤וּא אֱלֹהֵ֗ינוּ וַאֲנַ֤חְנוּ עַ֣ם מַ֭רְעִיתוֹ וְצֹ֣אן יָד֑וֹ הַ֝יּ֗וֹם אִֽם־בְּקֹל֥וֹ תִשְׁמָֽעוּ׃
8ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော် အသံ ကို ကြား လျက် ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။
8אַל־תַּקְשׁ֣וּ לְ֭בַבְכֶם כִּמְרִיבָ֑ה כְּי֥וֹם מַ֝סָּ֗ה בַּמִּדְבָּֽר׃
9သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍၊ ငါ ၏အမှု တို့ကို မြင် ရသောတော တွင် ၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
9אֲשֶׁ֣ר נִ֭סּוּנִי אֲבוֹתֵיכֶ֑ם בְּ֝חָנ֗וּנִי גַּם־רָא֥וּ פָעֳלִֽי׃
10ထိုလူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူ တို့သည် စိတ် သဘောမှားယွင်း တတ်သော လူမျိုး ဖြစ်ကြ၏။ ငါ ၏ အလေ့ အလာတို့ကို နား မ လည်ကြဟု ငါဆို ရ၏။
10אַרְבָּ֘עִ֤ים שָׁנָ֨ה׀ אָ֘ק֤וּט בְּד֗וֹר וָאֹמַ֗ר עַ֤ם תֹּעֵ֣י לֵבָ֣ב הֵ֑ם וְ֝הֵ֗ם לֹא־יָדְע֥וּ דְרָכָֽי׃
11ထိုကြောင့် သူတို့သည် ငါ ၏ချမ်းသာ ထဲ သို့ မ ဝင် ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆို ၏။
11אֲשֶׁר־נִשְׁבַּ֥עְתִּי בְאַפִּ֑י אִם־יְ֝בֹא֗וּן אֶל־מְנוּחָתִֽי׃

Tip: use the ← and → keys to turn chapters.