ဆာလံ

Old Testament

Chapter 139
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ဆာလံ 139

Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
no verse 0 in this text
לַ֭מְנַצֵּחַ לְדָוִ֣ד מִזְמ֑וֹר
1အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို စစ်ကြော ၍ သိ တော်မူ၏။
1יְהוָ֥ה חֲ֝קַרְתַּ֗נִי וַתֵּדָֽע׃
2အကျွန်ုပ် ထိုင် ခြင်း၊ ထ ခြင်းအရာတို့ကို သိ တော်မူ ၏။ အကျွန်ုပ် အကြံ အစည်တို့ကို အဝေး က ပင် နားလည် တော်မူ၏။
2אַתָּ֣ה יָ֭דַעְתָּ שִׁבְתִּ֣י וְקוּמִ֑י בַּ֥נְתָּה לְ֝רֵעִ֗י מֵרָחֽוֹק׃
3အကျွန်ုပ် သွားသောလမ်း ကို၎င်း ၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ် ကျင့် သောအကျင့် အလုံးစုံ တို့ကို ကျွမ်း တော်မူ၏။
3אָרְחִ֣י וְרִבְעִ֣י זֵרִ֑יתָ וְֽכָל־דְּרָכַ֥י הִסְכַּֽנְתָּה׃
4အကျွန်ုပ် သည် စကား တခွန်း ကိုမျှ မ မြွက်သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိ တော်မူ၏။
4כִּ֤י אֵ֣ין מִ֭לָּה בִּלְשׁוֹנִ֑י הֵ֥ן יְ֝הוָ֗ה יָדַ֥עְתָּ כֻלָּֽהּ׃
5ကိုယ်တော်သည်အကျွန်ုပ် ကို ပတ်လည် ဝိုင်းထား ၍ ၊ အကျွန်ုပ် အပေါ် မှာ လက် တော်ကိုတင် တော်မူပြီ။
5אָח֣וֹר וָקֶ֣דֶם צַרְתָּ֑נִי וַתָּ֖שֶׁת עָלַ֣י כַּפֶּֽכָה׃
6ထိုသို့သော ဉာဏ် သည် အံ့ဩ ဘွယ်ဖြစ်၍၊ အကျွန်ုပ် မတတ်နိုင်ပါ။ မြင့်မြတ် သည်ဖြစ်၍အကျွန်ုပ် မ မှီနိုင် ပါ။
6פְּלִ֣יאָֽה דַ֣עַת מִמֶּ֑נִּי נִ֝שְׂגְּבָ֗ה לֹא־א֥וּכַֽל לָֽהּ׃
7ဝိညာဉ် တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွား နိုင်ပါမည်နည်း။ မျက်နှာ တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ ပြေး နိုင်ပါမည်နည်း။
7אָ֭נָ֥ה אֵלֵ֣ךְ מֵרוּחֶ֑ךָ וְ֝אָ֗נָה מִפָּנֶ֥יךָ אֶבְרָֽח׃
8ကောင်းကင် သို့တက် လျှင် ကိုယ်တော် ရှိ တော်မူ၏။ မရဏ နိုင်ငံ၌ အိပ်ရာကိုခင်း လျှင် ကိုယ်တော် ရှိ တော်မူ ၏။
8אִם־אֶסַּ֣ק שָׁ֭מַיִם שָׁ֣ם אָ֑תָּה וְאַצִּ֖יעָה שְּׁא֣וֹל הִנֶּֽךָּ׃
9နံနက် အတောင် တို့ကိုယူ ၍ သမုဒ္ဒရာ စွန်း ၌ နေ လျှင်၊
9אֶשָּׂ֥א כַנְפֵי־שָׁ֑חַר אֶ֝שְׁכְּנָ֗ה בְּאַחֲרִ֥ית יָֽם׃
10ထို အရပ်၌ ပင် ကိုယ်တော် ၏လက် သည် အကျွန်ုပ် ကို ပို့ဆောင် လျက် ၊ လက်ျာ လက်တော်သည် ကိုင် လျက်ရှိပါလိမ့်မည်။
10גַּם־שָׁ֭ם יָדְךָ֣ תַנְחֵ֑נִי וְֽתֹאחֲזֵ֥נִי יְמִינֶֽךָ׃
11အကယ်၍ မှောင်မိုက် သည်ငါ့ ကိုဖုံးလွှမ်း မည်ဟု တဖန် ဆို လျှင်၊ ညဉ့် သည်လည်း အကျွန်ုပ် ပတ်ဝန်းကျင် ၌ အလင်း ဖြစ်ပါလိမ့်မည်။
11וָ֭אֹמַר אַךְ־חֹ֣שֶׁךְ יְשׁוּפֵ֑נִי וְ֝לַ֗יְלָה א֣וֹר בַּעֲדֵֽנִי׃
12အကယ် စင်စစ်မှောင်မိုက် သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မ ဖုံးနိုင်ပါ။ ညဉ့် သည် နေ့ ကဲ့သို့ လင်း ပါ၏။ မှောင်မိုက် သဘောနှင့် အလင်း သဘောသည် တူ ပါ၏။
12גַּם־חֹשֶׁךְ֮ לֹֽא־יַחְשִׁ֪יךְ מִ֫מֶּ֥ךָ וְ֭לַיְלָה כַּיּ֣וֹם יָאִ֑יר כַּ֝חֲשֵׁיכָ֗ה כָּאוֹרָֽה׃
13ကိုယ်တော်သည် အကျွန်ုပ် ၏ ကျောက်ကပ် ကို ပင် ဖန်ဆင်း ၍၊ အမိ ဝမ်း ထဲမှာ အကျွန်ုပ် ကို ဖုံးအုပ် တော်မူပြီ။
13כִּֽי־אַ֭תָּה קָנִ֣יתָ כִלְיֹתָ֑י תְּ֝סֻכֵּ֗נִי בְּבֶ֣טֶן אִמִּֽי׃
14အကျွန်ုပ်သည် ကြောက်မက် ဘွယ်သော လက္ခဏာ၊ ထူးဆန်း သော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ ပြုပြင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ်ဖြစ်ကြောင်း ကို အကျွန်ုပ် ၏ စိတ် ဝိညာဉ်သည်အမှန် သိ ပါ၏။
14אֽוֹדְךָ֗ עַ֤ל כִּ֥י נוֹרָא֗וֹת נִ֫פְלֵ֥יתִי נִפְלָאִ֥ים מַעֲשֶׂ֑יךָ וְ֝נַפְשִׁ֗י יֹדַ֥עַת מְאֹֽד׃
15မ ထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း ၍၊ မြေကြီး အောက် အရပ်၌ စေ့စပ် စွာ ပြုပြင်တော်မူသောအခါ ၊ အကျွန်ုပ် ၏ကိုယ် ခန္ဓါသည် ရှေ့တော်၌ ထင်ရှား လျက်ရှိပါ၏။
15לֹא־נִכְחַ֥ד עָצְמִ֗י מִ֫מֶּ֥ךָּ אֲשֶׁר־עֻשֵּׂ֥יתִי בַסֵּ֑תֶר רֻ֝קַּ֗מְתִּי בְּֽתַחְתִּיּ֥וֹת אָֽרֶץ׃
16မစုံလင်သေးသော အကျွန်ုပ် ၏အလုံး အထွေးကိုလည်း ကိုယ်တော် သည်ကြည့်ရှု ၍ မြင် တော်မူပြီ။ ထိုအရာ တို့ကို ပြုပြင် ၍ တစုံ တခုမျှ မ ရှိမှီကာလ တွင်၊ ကိုယ်တော် ၏ စာရင်း ၌ အကုန် အစင်မှတ်သား လျက် ရှိကြပါ၏။
16גָּלְמִ֤י׀ רָ֘א֤וּ עֵינֶ֗יךָ וְעַֽל־סִפְרְךָ֮ כֻּלָּ֪ם יִכָּ֫תֵ֥בוּ יָמִ֥ים יֻצָּ֑רוּ וְל֖וֹ אֶחָ֣ד בָּהֶֽם׃
17အိုဘုရား သခင်၊ အကျွန်ုပ် ၌ ကိုယ်တော် ၏ အကြံအစည်တို့သည် အလွန် ထူးဆန်း ကြပါ၏။ အလွန် များပြား ကြပါ၏။
17וְלִ֗י מַה־יָּקְר֣וּ רֵעֶ֣יךָ אֵ֑ל מֶ֥ה עָ֝צְמוּ רָאשֵׁיהֶֽם׃
18ထို အကြံအစည်တော်တို့ကို ရေတွက် လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြား ကြပါ၏။ အကျွန်ုပ်သည် နိုး သောအခါ ကိုယ်တော် ထံ၌ အစဉ် ရှိပါ၏။
18אֶ֭סְפְּרֵם מֵח֣וֹל יִרְבּ֑וּן הֱ֝קִיצֹ֗תִי וְעוֹדִ֥י עִמָּֽךְ׃
19အိုဘုရား သခင်၊ ကိုယ်တော်သည် မ တရားသောသူတို့ ကို ကွပ်မျက် တော်မူပါစေသော။ လူ အသက် ကိုသတ် တတ်သောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။
19אִם־תִּקְטֹ֖ל אֱל֥וֹהַּ׀ רָשָׁ֑ע וְאַנְשֵׁ֥י דָ֝מִ֗ים ס֣וּרוּ מֶֽנִּי׃
20ထိုသူတို့သည် ကိုယ်တော် တဘက်၌ မနာလို သောစိတ်နှင့်ပြောဆို ၍၊ ကိုယ်တော် ၏ရန်သူ တို့သည် မ တရားသဖြင့် ဝါကြွား ကြပါ၏။
20אֲשֶׁ֣ר יֹ֭אמְרֻךָ לִמְזִמָּ֑ה נָשֻׂ֖א לַשָּׁ֣וְא עָרֶֽיךָ׃
21အိုထာဝရဘုရား ၊ ကိုယ်တော် ကို မုန်း သောသူတို့ ကို အကျွန်ုပ်မုန်း ပါသည်မ ဟုတ်လော။ အာဏာ တော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာ ပါသည် မဟုတ် လော။
21הֲלֽוֹא־מְשַׂנְאֶ֖יךָ יְהוָ֥ה׀ אֶשְׂנָ֑א וּ֝בִתְקוֹמְמֶ֗יךָ אֶתְקוֹטָֽט׃
22ထိုသူ တို့ကို စိတ် နှလုံးအကြွင်းမဲ့မုန်း ပါ၏။ ကိုယ် ရန်သူ ကဲ့သို့ မှတ် ပါ၏။
22תַּכְלִ֣ית שִׂנְאָ֣ה שְׂנֵאתִ֑ים לְ֝אוֹיְבִ֗ים הָ֣יוּ לִֽי׃
23အိုဘုရား သခင်၊ အကျွန်ုပ် ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏နှလုံး ကို သိမှတ် တော်မူပါ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ် တော်မူပါ။
23חָקְרֵ֣נִי אֵ֭ל וְדַ֣ע לְבָבִ֑י בְּ֝חָנֵ֗נִי וְדַ֣ע שַׂרְעַפָּֽי׃
24ဆိုး သောလမ်း သို့ အကျွန်ုပ် လိုက် သည် မလိုက် သည်ကို ကြည့်ရှု ၍ ၊ ထာဝရ လမ်း ထဲသို့ သွေးဆောင် တော်မူ ပါ။
24וּרְאֵ֗ה אִם־דֶּֽרֶךְ־עֹ֥צֶב בִּ֑י וּ֝נְחֵ֗נִי בְּדֶ֣רֶךְ עוֹלָֽם׃

Tip: use the ← and → keys to turn chapters.