ဆာလံ

Old Testament

Chapter 2
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ဆာလံ 2

Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
1လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
1לָ֭מָּה רָגְשׁ֣וּ גוֹיִ֑ם וּ֝לְאֻמִּ֗ים יֶהְגּוּ־רִֽיק׃
2လောကီ ရှင် ဘုရင်တို့သည် ထ ကြ၍ ၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရား နှင့် ခရစ်တော် ကို ရန် ဘက်ပြုလျက်၊
2יִ֥תְיַצְּב֨וּ׀ מַלְכֵי־אֶ֗רֶץ וְרוֹזְנִ֥ים נֽוֹסְדוּ־יָ֑חַד עַל־יְ֝הוָה וְעַל־מְשִׁיחֽוֹ׃
3သူ တို့ချည်နှောင် ခြင်းကို ဖြေ ကြကုန်အံ့။ ချည်နှောင် သောကြိုး တို့ကို ပယ် ကြကုန်အံ့ဟု သင်းဖွဲ့ ကြ၏။
3נְֽ֭נַתְּקָה אֶת־מֽוֹסְרוֹתֵ֑ימוֹ וְנַשְׁלִ֖יכָה מִמֶּ֣נּוּ עֲבֹתֵֽימוֹ׃
4ကောင်းကင် ဘုံ၌ ထိုင် တော်မူသောသူသည် ပြုံး ရယ်၍၊ ထာဝရ ဘုရားသည် သူ တို့ကို ကဲ့ရဲ့ တော်မူ၏။
4יוֹשֵׁ֣ב בַּשָּׁמַ֣יִם יִשְׂחָ֑ק אֲ֝דֹנָ֗י יִלְעַג־לָֽמוֹ׃
5ထိုအခါ အမျက် တော်ထွက်၍ ၊ သူ တို့ကိုမိန့် တော်မူမည်။ ပြင်းစွာ သော အမျက်တော်နှင့် သူ တို့ကို ပူပန် စေတော်မူမည်။
5אָ֤ז יְדַבֵּ֣ר אֵלֵ֣ימוֹ בְאַפּ֑וֹ וּֽבַחֲרוֹנ֥וֹ יְבַהֲלֵֽמוֹ׃
6ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
6וַ֭אֲנִי נָסַ֣כְתִּי מַלְכִּ֑י עַל־צִ֝יּ֗וֹן הַר־קָדְשִֽׁי׃
7ဗျာဒိတ် တော်အချက်ကို ငါပြန် ကြားပေအံ့။ ထာဝရဘုရား က သင် သည် ငါ့ သား ဖြစ်၏။ ယနေ့ ပင် သင့် ကို ငါဖြစ် ဘွားစေပြီ။
7אֲסַפְּרָ֗ה אֶֽ֫ל חֹ֥ק יְֽהוָ֗ה אָמַ֘ר אֵלַ֥י בְּנִ֥י אַ֑תָּה אֲ֝נִ֗י הַיּ֥וֹם יְלִדְתִּֽיךָ׃
8ငါ့ ကိုတောင်း လော့။ လူ အမျိုးမျိုးတို့ကို သင် ၏ အမွေ ဥစ္စာဘို့ ငါပေး မည်။ မြေကြီး စွန်း တိုင်အောင်ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
8שְׁאַ֤ל מִמֶּ֗נִּי וְאֶתְּנָ֣ה ג֭וֹיִם נַחֲלָתֶ֑ךָ וַ֝אֲחֻזָּתְךָ֗ אַפְסֵי־אָֽרֶץ׃
9သင်သည်သူ တို့ကို သံ လှံတံ နှင့် အုပ်စိုး ၍၊ မြေအိုး ကို ခွဲဖျက်သကဲ့သို့ ခွဲဖျက် လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
9תְּ֭רֹעֵם בְּשֵׁ֣בֶט בַּרְזֶ֑ל כִּכְלִ֖י יוֹצֵ֣ר תְּנַפְּצֵֽם׃
10သို့ဖြစ်၍ ရှင် ဘုရင်တို့၊ ပညာ သတိရှိကြလော့။ လောကီ မင်း တို့၊ ဆုံးမ ခြင်းကိုခံ ကြလော့။
10וְ֭עַתָּה מְלָכִ֣ים הַשְׂכִּ֑ילוּ הִ֝וָּסְר֗וּ שֹׁ֣פְטֵי אָֽרֶץ׃
11ကြောက်ရွံ့ သောစိတ်နှင့် ထာဝရ ဘုရား၏ အမှုတော် ကို ထမ်းရွက် ၍ ၊ တုန်လှုပ် ခြင်းနှင့် ဝမ်းမြောက် ကြလော့။
11עִבְד֣וּ אֶת־יְהוָ֣ה בְּיִרְאָ֑ה וְ֝גִ֗ילוּ בִּרְעָדָֽה׃
12သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။
12נַשְּׁקוּ־בַ֡ר פֶּן־יֶאֱנַ֤ף׀ וְתֹ֬אבְדוּ דֶ֗רֶךְ כִּֽי־יִבְעַ֣ר כִּמְעַ֣ט אַפּ֑וֹ אַ֝שְׁרֵ֗י כָּל־ח֥וֹסֵי בֽוֹ׃

Tip: use the ← and → keys to turn chapters.